Connect with us

Social

တရုတ် နိုင်ငံ မှ အဆင့်မြှင့်တင် ပြင်ဆင် တည်ဆောက်ပေးခဲ့သည့် ဒေါ်ခင်ကြည် အမျိုးသမီး ဆေးရုံ(တရုတ်-မြန်မာ ချစ်ကြည်ရေး ဆေးရုံ) လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား ကျင်းပ

ဒေါ်ခင်ကြည် အမျိုးသမီးဆေးရုံ(တရုတ်-မြန်မာချစ်ကြည်ရေး ဆေးရုံ) အား ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး နှင့် တရုတ် နိုင်ငံ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း တို့မှ အဆင့်မြှင့်တင် ပြင်ဆင် တည်ဆောက်ပေးခဲ့သည့် ဒေါ်ခင်ကြည် အမျိုးသမီး ဆေးရုံ(တရုတ်-မြန်မာ ချစ်ကြည်ရေး ဆေးရုံ) လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား ကို ဒီဇင်ဘာ ၂၃ ရက်နေ့ မွန်းလွဲပိုင်း အချိန်တွင် ရန်ကုန်မြို့ရှိ ဒေါ်ခင်ကြည် အမျိုးသမီး ဆေးရုံတွင် ကျင်းပ ပြုလုပ် ခဲ့သည်။

အခမ်းအနား သို့ မြန်မာ နိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ မြန်မာ နိုင်ငံ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေး ၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ တိုင်းဒေသကြီး ဝန်ကြီးဌာန မှ ဝန်ကြီးများ နှင့် အစိုးရ သက်ဆိုင်ရာ အရာရှိများ ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် ၏ ဇနီး မစ္စ ဝမ်ရွှဲဟုန် (Ms.Wang Xue Hong) နှင့် သံရုံး သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ ဆေးရုံ တည်ဆောက်ရေး လုပ်ငန်းတွင် ပါဝင် ကူညီ ဆောင်ရွက်ခဲ့ကြသည့် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီး မှ ကိုယ်စားလှယ်များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။

ဒေါ်ခင်ကြည်ရုပ်ထု အား မြန်မာ နိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တရုတ် နိုင်ငံ သံအမတ်ကြီး ဇနီး ဝမ်ရွှဲဟုန် တို့မှ ဖွင့်လှစ်ပေးစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အဖွင့်အမှာစကား ပြောကြားရာတွင် ဒေါ်ခင်ကြည် ဆေးရုံသည် ကျန်းမာရေး အတွက် အရေးကြီး သည့် ဆေးရုံ တစ်ခု ဖြစ်သည့် အပြင် မိမိ တို့ ပြည်ထောင်စုကြီး နှင့်သူနာပြုများအတွက် အရေးကြီး သည့် ဆေးရုံ တစ်ခု အဖြစ် မှတ်ယူ ခဲ့ကြောင်း ၊ ယခုအချိန်တွင် မိခင်နာမည်ဖြင့် ဒေါ်ခင်ကြည် ဆေးရုံ ဟူ၍ ပိုမို ဖြစ်မြောက်အောင် ၊ ထွန်းကားအောင် ၊ ပြည်သူများ၏ အကျိုး ကို ပိုမို ထမ်းဆောင် နိုင်အောင် ဆောင်ရွက်ပေး ခဲ့သူများအားလုံး ကို မိမိ အနေဖြင့် ကျေးဇူးတင်ပြီး တန်ဖိုးထားကြောင်း ၊ မြန်မာ နိုင်ငံ တွင် အခြေခံအားဖြင့် ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည်မှာ ကျန်းမာရေး နှင့် ပညာရေး ဖြစ်ကြောင်း ၊ မကျန်းမာသည့် နိုင်ငံသူ ၊ နိုင်ငံသား များအနေဖြင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် မဆောင်ရွက် နိုင်ကြောင်း ၊ ပညာမတတ်လျင်လည်း နိုင်ငံ ကြီးပွား တိုးတက်ရန် ဆောင်ရွက်နိုင်မည် မဟုတ်ကြောင်း ၊ မိမိ ၏ မိခင် သူနာပြု လုပ်ကိုင်ခဲ့ချိန်က ပုံမှန် လာရောက် ကုသသူများ အတွင်း အမည်ကောင်းစွာ မမှတ်မိသော်လည်း “မီတီ” ဟုထင်ရသည့် တရုတ် အမျိုးသမီး တစ်ဦး ရှိခဲ့ပြီး ပုံမှန်လာရောက် လည်ပတ် ခဲ့ကြောင်း ၊ စစ်ပွဲ ကာလ အတွင်း မိခင် နှင့် “မီတီ” တို့မှာ အဆက်အသွယ် ပြတ်တောက် သွားခဲ့ပြီး ၁၉၄၅-၄၆ ခုနှစ် ခန့်တွင် မိခင် နှင့် ပြန်လည် ဆုံတွေ့ခဲ့ကြောင်း ၊ ထိုနောက်တွင် မီတီ ကွယ်လွန်သည့် အချိန်ထိ မိခင် နှင့် ပုံမှန် ခင်မင်ရင်းနှီးစွာ နေထိုင်ခဲ့ကြကြောင်း ၊ ယခုလို ဆေးရုံကြီးအား ပိုမိုကောင်းမွန် တိုးတက်အောင် ဝိုင်းဝန်းပြီး လုပ်ကိုင်ပေးခဲ့သည့် ပုဂ္ဂိုလ်များအားလုံး မှာ ဆေးရုံ တစ်ရုံ အတွက် လုပ်ပေးခြင်းသာ မဟုတ်ဘဲ မိမိ တို့၏ ကျန်းမာရေး အတွက် ၊ မိမိ တို့၏ ပြည်သူ အတွက် ၊ မိမိ တို့၏ ပြည်ထောင်စု အတွက် ဝိုင်းဝန်းပြီးကူညီစောင်မ ပေးခြင်းဖြစ်သည် ဟု မှတ်ယူသဖြင့် အထူး ကျေးဇူးတင်ကြောင်း ၊ ယခုအချိန် ဆေးရုံ သို့ ပြန်လည် ရောက်ရှိလာ ချိန်တွင် ဆေးရုံ ကို ကောင်းစွာ မမှတ်မိ တော့သော်လည်း ပိုမို ကောင်းမွန်လာမည် ဟု ယူဆကြောင်း ၊ မြန်မာ နိုင်ငံ ၏ ကျန်းမာရေးအခြေအနေ တစ်နေ့တစ်ခြား ပိုမို တိုးတက်လာရန် ဆုတောင်း မေတ္တာ ပို့ကြောင်း ပြောကြား ခဲ့သည်။မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် ၏ ဇနီး မစ္စ ဝမ်ရွှဲဟုန် က အမှာစကား ပြောကြားရာတွင် ယခု လွှဲပြောင်း ပေးအပ်ပွဲအခမ်းအနား သို့မြန်မာ နိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် တက်ရောက် ခဲ့သည့် အတွက် အဓိပ္ပါယ် ပိုမို လေးနက် စေခဲ့ကြောင်း ၊ မိမိ အနေဖြင့် အတိုင်ပင်ခံပုဂ္ဂိုလ် ၏ မိခင် ဒေါ်ခင်ကြည်အား မတွေ့ဖူးသော်လည်း မိခင်၏ သွန်သင်ဆုံးမခြင်း ခံခဲ့ရသည့် အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် အတူ တရုတ် နိုင်ငံ သို့ ၃ ကြိမ် အတူသွားရောက် ခဲ့သည့် အတွေ့အကြုံများမှ တစ်ဆင့် လေးစားမိကြောင်း ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး နှင့် တရုတ် နိုင်ငံ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း တို့က ယခင်နှစ်တွင် ငွေကြေးကူညီဆောင်ရွက်မှုများ ပြုလုပ်ပေးခဲ့ပြီး ယခု နှစ် ဖေဖော်ဝါရီလ တွင် စတင်ဆောင်ရွက်ခဲ့ရာ အောက်တိုဘာလတွင် ပြီးစီးနိုင်ခဲ့ကြောင်း ၊ လက်ရှိချိန်တွင် ဒေါ်ခင်ကြည် အမျိုးသမီး ဆေးရုံသည် ခေတ်မီစက်ကိရိယာ များဖြင့် ဆေးရုံသစ် တစ်ခု ဖြစ်လာ ခဲ့ပြီး မြန်မာ နိုင်ငံရှိ မိခင် နှင့် ကလေးများ တို့မှ အကျိုးကျေးဇူး ကို ခံစားရတော့မည် ဖြစ်ကြောင်း ၊ စီမံကိန်း အောင်မြင်ရန် အတွက် ကူညီထောက်ခံပေး ခဲ့သည့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ နှင့် သက်ဆိုင်ရာ အသီးသီး တို့အား ကျေးဇူး တင်ရှိကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ဟုန်လျန် ၏ ဇနီး မစ္စ ဝမ်ရွှဲဟုန် က ဒေါ်ခင်ကြည် အမျိုးသမီး ဆေးရုံ အား ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေး ထံသို့ လွှဲပြောင်း ပေးအပ်စဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အဖွင့်အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် ၏ ဇနီး မစ္စ ဝမ်ရွှဲဟုန် က အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

ဒေါ်ခင်ကြည် အမျိုးသမီး ဆေးရုံ အဆင့်မြှင့်တင်ပြင်ဆင် တည်ဆောက်ရေး စီမံကိန်း တွင် ပါဝင် ခဲ့သည့် အဖွဲ့အစည်း အသီးသီး အား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်နေစဉ်(ဆင်ဟွာ)

ဒေါ်ခင်ကြည် အမျိုးသမီး ဆေးရုံ အဆင့်မြှင့်တင်ပြင်ဆင် တည်ဆောက်ရေး စီမံကိန်း တွင် ပါဝင် ခဲ့သည့် အဖွဲ့အစည်း အသီးသီး အား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်နေစဉ်(ဆင်ဟွာ)

ဒေါ်ခင်ကြည် အမျိုးသမီး ဆေးရုံ အဆင့်မြှင့်တင်ပြင်ဆင် တည်ဆောက်ရေး စီမံကိန်း တွင် ပါဝင် ခဲ့သည့် အဖွဲ့အစည်း အသီးသီး အား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်နေစဉ်(ဆင်ဟွာ)

ဒေါ်ခင်ကြည် အမျိုးသမီး ဆေးရုံ(တရုတ်-မြန်မာချစ်ကြည်ရေး ဆေးရုံ) ဆေးရုံသစ် အတွင်း လှည့်လည်ကြည့်ရှု နေစဉ်(ဆင်ဟွာ)

ဒေါ်ခင်ကြည် အမျိုးသမီး ဆေးရုံ(တရုတ်-မြန်မာ ချစ်ကြည်ရေး ဆေးရုံ) လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား တွင် စုပေါင်း အမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် ၏ ဇနီး မစ္စ ဝမ်ရွှဲဟုန် က အဆင့်မြှင့်တင် ပြင်ဆင် တည်ဆောက်ပေးခဲ့သည့် ဒေါ်ခင်ကြည် အမျိုးသမီး ဆေးရုံ အား မြန်မာ နိုင်ငံ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေး ထံသို့ လွှဲပြောင်း ပေးအပ် ခဲ့ပြီး ဒေါ်ခင်ကြည် အမျိုးသမီး ဆေးရုံအဆင့်မြှင့်တင် ပြင်ဆင် တည်ဆောက်ရေး စီမံကိန်း တွင် ပါဝင် ခဲ့သည့် အဖွဲ့အစည်း အသီးသီး အား ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေး နှင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တို့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရှေ့မှောက် တွင် ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည် ပေးအပ် ခဲ့သည်။

ထို့နောက် မြန်မာ နိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် ၏ ဇနီး မစ္စ ဝမ်ရွှဲဟုန် နှင့် မြန်မာ နိုင်ငံ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေး တို့က ဒေါ်ခင်ကြည် အမျိုးသမီး ဆေးရုံ(တရုတ်-မြန်မာ ချစ်ကြည်ရေး ဆေးရုံ) ကို ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ပြီး ဒေါ်ခင်ကြည်ရုပ်ထု ကိုလည်း ဖွင့်လှစ် ပေးခဲ့ပြီးနောက် ဆေးရုံသစ် အတွင်း လှည့်လည်ကြည့်ရှု ခဲ့ကြသည်။

ဒေါ်ခင်ကြည် အမျိုးသမီး ဆေးရုံ(တရုတ်-မြန်မာ ချစ်ကြည်ရေး ဆေးရုံ) အား မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး နှင့် တရုတ် နိုင်ငံ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း တို့မှ အဓိက ကူညီလှူဒါန်း ပေးခဲ့ခြင်းဖြစ်ပြီး Art Wave Group Co.,Ltd က တာဝန်ယူ တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။ စီမံကိန်း အဆင်ပြေမြန်ဆန်စွာ အကောင်အထည်ဖော် နိုင်ငံရေး အတွက် မြန်မာ-တရုတ် ပူးပေါင်းကူညီဆက်ဆံရေးအသင်း ဗဟို မှ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပြီး China Sinopharm International Corporation မှ ဆေးရုံသုံး ပစ္စည်းများ တင်သွင်းခြင်း နှင့် ဆေးဘက်ဆိုင်ရာ သင်တန်များ ပို့ချခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.