Connect with us

Videos

(၁၉) ကြိမ်မြောက် တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ အမျိုးသား ညီလာခံ ၏ အတွေးအမြင် များနှင့် ပတ်သက်၍ တရုတ် နိုင်ငံ ကိုယ်စားလှယ် အဖွဲ့ က ရန်ကုန် မြို့တွင် ရှင်းလင်းပွဲ ကျင်းပ

ရန်ကုန် ၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ လူမှုရေး သိပ္ပံ အကယ်ဒမီ ဥက္ကဋ္ဌ ဝမ်ဝေကွမ်း (Wang Weiguang) ဦးဆောင်သော တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ ကိုယ်စားလှယ် အဖွဲ့ က ဒီဇင်ဘာ ၂၁ ရက် မှ ၂၂ ရက် အထိ မြန်မာ နိုင်ငံ သို့ လည်ပတ်ရေး ခရီးစဉ် အဖြစ်ရောက်ရှိခဲ့ပြီး ၂၂ ရက်နေ့ နံနက်ပိုင်း အချိန်တွင် Sedona ဟိုတယ် ၌ (၁၉) ကြိမ်မြောက် တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ အမျိုးသား ညီလာခံ ၏ အတွေးအမြင် များနှင့် ပတ်သက်၍ ရှင်းလင်းပွဲ တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့သည်။

ရှင်းလင်းပွဲ သို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ ရန်ကုန်မြို့တော်ဝန် ဒေါက်တာ မောင်မောင်စိုး နှင့် အစိုးရ အဖွဲ့ သက်ဆိုင်ရာ တာဝန်ရှိသူများ ၊ မြန်မာ နိုင်ငံရှိ နိုင်ငံရေး ပါတီ အသီးသီး မှ ပါတီ အကြီးအကဲ ခေါင်းဆောင် နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် နှင့် အသင်းအဖွဲ့ဝင်များ ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် ၊ သံရုံး သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။

ရှင်းလင်းပွဲ အတွင်း မြန်မာ နိုင်ငံ ရှိ နိုင်ငံရေး ပါတီများ ၊ လူမှုရေး အဖွဲ့အစည်းများ ၊ သုတေသန အဖွဲ့အစည်း များ နှင့် ကဏ္ဍအသီးသီး မှ ပုဂ္ဂိုလ်များအား (၁၉) ကြိမ်မြောက် တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ အမျိုးသား ညီလာခံ ၏ အတွေးအမြင် များနှင့် ပတ်သက်၍ ရှင်းလင်း မိတ်ဆက်ပေး ခဲ့သည်။


မြန်မာ နိုင်ငံ ဘက်မှလည်း တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ ဦးဆောင်မှုအောက်တွင် ရရှိခဲ့သည့် သမိုင်းဝင် အောင်မြင်မှုများ အပေါ် ဂုဏ်ပြုကြောင်း ၊ (၁၉) ကြိမ်မြောက် တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ အမျိုးသား ညီလာခံ ၏ အရေးပါမှု နှင့် နက်ရှိုင်းသည့် သက်ရောက်မှုများ အပေါ် ချီးမွမ်းကြောင်း ၊ မြန်မာ နိုင်ငံ နိုင်ငံရေး ကဏ္ဍရှိ ပုဂ္ဂိုလ်များ အနေဖြင့် တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ ၏ နိုင်ငံတော် စီမံအုပ်ချုပ်မှုတွင် ရရှိခဲ့သည့် အတွေ့အကြုံများအား နက်ရှိုင်းစွာ လေ့လာသွားလိုပြီး မြန်မာ-တရုတ် ကဏ္ဍစုံ ဖလှယ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှု တို့ကို တိုးချဲ့ကာ နှစ်နိုင်ငံချစ်ကြည်ဆက်ဆံရေး အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သွားရန် ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ သို့ လည်ပတ်ရေး ခရီးစဉ် ရောက်ရှိနေသည့် တရုတ် နိုင်ငံ ကွန်မြူနစ် ပါတီ ကိုယ်စားလှယ် အဖွဲ့ က လည်ပတ်ရေး ခရီးစဉ် အတွင်း မြန်မာ နိုင်ငံ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် နှင့်တကွ နိုင်ငံပါတီ အသီးသီး မှ ခေါင်းဆောင်များ နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ် ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.