ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ပျဉ်းမနားမြို့နယ် ကျီးအင်းကျေးရွာအနီး မြို့ရှောင်လမ်းတွင် ဒီဇင်ဘာ ၂၂ရက်နေ့က ကျောက်များတင်ဆောင်လာသော ၆ဘီးကားနှင့် Light Truck ယာဉ်တို့တိုက်မှုကြောင့် တစ်ဦးသေဆုံးပြီး ၁၁ဦးဒဏ်ရာရရှိထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
နယူးဒေလီ၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံမြောက်ပိုင်း Rajasthan ပြည်နယ် တွင် ဒီဇင်ဘာ ၂၃ ရက် က ခရီးသည်တင်ဘတ်စ်ကားတစ်စီး မြစ်ထဲသို့ပြုတ်ကျခဲ့ရာ အနည်းဆုံး လူ ၂၀ဦးသေဆုံးပြီး အခြားလူ ၂၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ကျပ်သိန်း၃၀၀ကျော်တန်ဖိုးရှိ သက်တမ်းလွန် ဆေးဝါးများအား ယနေ့ ဒီဇင်ဘာ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) မြန်မာစီးပွားရေးဘဏ်က အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ(SME)အား ကျပ် သန်း ၃၀၀ထိ ထုတ်ချေးပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၇/၂ဝ၁၇)အစည်းအဝေး၌ အဆိုပြုလွှာတင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား ခွင့်ပြုမိန့်ကိုးခုနှင့် အတည်ပြုမိန့်နှစ်ခု ခွင့်ပြုပေးရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။