ကျုံချွမ်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ဂိုဘီသဲကန္တာရ ရှိ ကျုံချွမ်ဂြိုလ်တုလွှတ်တင်ရေးစင်တာ မှ မြေယာရှာဖွေဖော်ထုတ်ရေး ဂြိုလ်တု တစ်လုံးအား သတ်မှတ်ဂြိုလ်ပတ်လမ်းကြောင်းအတွင်းသို့ ပေကျင်းစံတော်ချိန် ဒီဇင်ဘာ ၂၃ ရက် နေ့လည် ၁၂း၁၄နာရီတွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီး ဌာန ရုံးများတွင် ၂၀၁၈ ခုနှစ် နှစ်ဆန်း ပိုင်းမှ စတင်၍ နှစ်လဲယာဉ်စစ်ဆေး ခြင်းနှင့် မှတ်ပုံတင်ခြင်းကို Online Booking စနစ်ဖြင့် ပြောင်းလဲကျင့်သုံးဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ...
ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ယခုနှစ် ပြည်ထောင်စုနေ့အခမ်းအနားကို တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် အဓိကထားရည်ရွယ်ကျင်းပသွားမည်ဖြစ်ကြောင်း (၇၁) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ ညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုနေ့ ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။
မနီလာ၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်တောင်ပိုင်း တစ်လျှောက်တွင် ဒီဇင်ဘာ ၂၂ရက်က တိုက်ခတ်ခဲ့သည့် အပူပိုင်းမုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ကာ အနည်းဆုံး လူ ၃၀ဦးသေဆုံးခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဋ္ဌာနမှ တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၂၃ ရက်တွင်ပြောကြားခဲ့သည်။