ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့ ဧရာဝတီတံတား (မလွန်)ပေါ်၌ ယာဉ်တိုက်မှုကြောင့် လူ ၁ဦးသေဆုံးပြီး ၂၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဘရာစီးလီယာ၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်း Fortaleza မြို့ရှိ ကပွဲကလပ်တစ်ခု၌ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၄ ဦး သေဆုံးပြီး အခြားသူ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ဇန်နဝါရီလ ၂၇ ရက်က...
ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) မြန်မာ့ဆေးဝါးလုပ်ငန်း ဆေးဝါးစက်ရုံ(အင်းစိန်)မှ ထုတ်လုပ်သော မြွေဆိပ်ဖြေဆေးများကို လက်ရှိတွင် ကမ္ဘောဒီးယားနိုင်ငံသို့ ပထမအသုတ်အဖြစ် တင်ပို့ ရောင်းချ ထားပြီးဖြစ်ကြောင်း မြန်မာ့ဆေးဝါးလုပ်ငန်းထံမှ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မြေပုံမြို့ နှင့် မင်းပြားမြို့ကို ဆက်သွယ်မည့် ကြပ်စင်မြစ်ကူးတံတား တည်ဆောက်မှုသည် ၆၅ ရာခိုင်နှုန်းထိ ပြီးစီးနေပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံ ဆက်ဆံရေး ခိုင်မာစွာ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်သို့ ပြန်လည် ရောက်ရှိလာစေရန် အတူတကွ ပူးတွဲလုပ်ဆောင်ကြရန် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ယနေ့ (ဇန်နဝါရီလ ၂၈ ရက်) တွင် တိုက်တွန်း ပြောကြားလိုက်သည်။