အေသင်၊ ဧပြီ ၂၄ (ဆင်ဟွာ) တရုတ်နိုင်ငံ နှင့် အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ သည် ဂရိနိုင်ငံ အေသင်မြို့တွင် ဧပြီ၂၃ ရက်က တွေ့ဆုံခဲ့ပြီး ခေတ်သစ်ပိုးလမ်းမကြီး အစပျိုးမှု မူဘောင်အောက်တွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်ရန် နှစ်နိုင်ငံ သဘောတူခဲ့ကြကြောင်း သိရသည်။
ဝါရှင်တန် ၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ) ကမ္ဘာ့ဘဏ် နှင့် အာရှအခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှုဘဏ်(AIIB) တို့သည် အနာဂတ်တွင် ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရန်အတွက် နားလည်မှု စာချွန်လွှာ တစ်ရပ် ကို ဧပြီလ ၂၃ ရက်နေ့ က ဝါရှင်တန် တွင် လက်မှတ်ရေးထိုး ခဲ့ကြသည်။
နယူးဒေလီ၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အနောက်ဘင်္ဂလားပြည်နယ် တွင် ဧပြီ ၂၂ ရက် က ဓါတ်ဆီဗုံးတစ်လုံးပေါက်ကွဲခဲ့ရာ လူ ၈ဦးထက်မနည်း သေဆုံးပြီး လူ ၄ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ရဲအရာရှိတစ်ဦးကပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Balkh ပြည်နယ်ရှိ စစ်တပ်စခန်းတစ်ခုအားဧပြီလ ၂၁ ရက်က တာလီဘန်တို့ ဝင်ရောက်တိုက်ခိုက်မှုကြောင့် အာဖဂန် စစ်သား ၁၃၅ဦးထက်မနည်းသေဆုံးပြီး ၆၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်သတင်းရင်းမြစ်တစ်ခုက ဆင်ဟွာသို့ ဧပြီ ၂၂ ရက်တွင်ပြောကြားခဲ့သည်။