Connect with us

Videos

တရုတ်နိုင်ငံမှ အဆင့်မြှင့်တင်တည်ဆောက်ပေးခဲ့သည့် ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံ လွှဲပြောင်းပေးအပ်

ရန်ကုန် ၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး နှင့် တရုတ် နိုင်ငံ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း တို့မှ အဆင့်မြှင့်တင် ပြင်ဆင် တည်ဆောက်ပေးခဲ့သည့် ဒေါ်ခင်ကြည် အမျိုးသမီး ဆေးရုံ(တရုတ်-မြန်မာ ချစ်ကြည်ရေး ဆေးရုံ) လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား ကို ဒီဇင်ဘာ ၂၃ ရက်နေ့ မွန်းလွဲပိုင်း အချိန်တွင် ရန်ကုန်မြို့ရှိ ဒေါ်ခင်ကြည် အမျိုးသမီး ဆေးရုံတွင် ကျင်းပ ပြုလုပ် ခဲ့သည်။ အခမ်းအနား သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေး ၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ တိုင်းဒေသကြီး ဝန်ကြီးဌာန မှ ဝန်ကြီးများ နှင့် အစိုးရ သက်ဆိုင်ရာ အရာရှိများ ၊ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် ၏ ဇနီး မစ္စ ဝမ်ရွှဲဟုန် (Ms.Wang Xue Hong) နှင့် သံရုံး သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ ဆေးရုံ တည်ဆောက်ရေး လုပ်ငန်းတွင် ပါဝင် ကူညီ ဆောင်ရွက်ခဲ့ကြသည့် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီး မှ ကိုယ်စားလှယ်များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က မိခင်အမည်ဖြင့် ဒေါ်ခင်ကြည် ဆေးရုံ ဟူ၍ ပိုမို ဖြစ်မြောက်အောင် ၊ ထွန်းကားအောင် ၊ ပြည်သူများ၏ အကျိုး ကို ပိုမို ထမ်းဆောင် နိုင်အောင် ဆောင်ရွက်ပေး ခဲ့သူများအားလုံး ကို မိမိ အနေဖြင့် ကျေးဇူးတင်ပြီး တန်ဖိုးထားကြောင်း ၊မြန်မာ နိုင်ငံ ၏ ကျန်းမာရေးအခြေအနေ တစ်နေ့တစ်ခြား ပိုမို တိုးတက်လာရန် ဆုတောင်း မေတ္တာ ပို့ကြောင်း ပြောကြား ခဲ့သည်။ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် ၏ ဇနီး မစ္စ ဝမ်ရွှဲဟုန် က မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး နှင့် တရုတ် နိုင်ငံ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း တို့ ပူးပေါင်းကူညီမှုဖြင့် လက်ရှိချိန်တွင် ဒေါ်ခင်ကြည် အမျိုးသမီး ဆေးရုံသည် ခေတ်မီစက်ကိရိယာ များဖြင့် ဆေးရုံသစ် တစ်ခု ဖြစ်လာ ခဲ့ပြီး မြန်မာ နိုင်ငံရှိ မိခင် နှင့် ကလေးများ တို့မှ အကျိုးကျေးဇူး ကို ခံစားရတော့မည် ဖြစ်ကြောင်း ၊ စီမံကိန်း အောင်မြင်ရန် အတွက် ကူညီထောက်ခံပေး ခဲ့သည့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ နှင့် သက်ဆိုင်ရာ အသီးသီး တို့အား ကျေးဇူး တင်ရှိကြောင်း ပြောကြား ခဲ့သည်။ အဲဒီနောက် သံအမတ်ကြီး ဟုန်လျန် ၏ ဇနီး မစ္စ ဝမ်ရွှဲဟုန် က အဆင့်မြှင့်တင် ပြင်ဆင် တည်ဆောက်ပေးခဲ့သည့် ဒေါ်ခင်ကြည် အမျိုးသမီး ဆေးရုံ အား မြန်မာ နိုင်ငံ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေး ထံသို့ လွှဲပြောင်း ပေးအပ် ခဲ့ပြီး ဒေါ်ခင်ကြည် အမျိုးသမီး ဆေးရုံအဆင့်မြှင့်တင် ပြင်ဆင် တည်ဆောက်ရေး စီမံကိန်း တွင် ပါဝင် ခဲ့သည့် အဖွဲ့အစည်း အသီးသီး အား ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေး နှင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တို့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရှေ့မှောက် တွင် ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည် ပေးအပ် ခဲ့သည်။ ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ သံအမတ်ကြီး ဟုန်လျန် ၏ ဇနီး မစ္စ ဝမ်ရွှဲဟုန် နှင့် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေး တို့က ဒေါ်ခင်ကြည် အမျိုးသမီး ဆေးရုံ(တရုတ်-မြန်မာ ချစ်ကြည်ရေး ဆေးရုံ) ကို ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ပြီး ဒေါ်ခင်ကြည်ရုပ်တု ကိုလည်း ဖွင့်လှစ် ပေးခဲ့ပြီးနောက် ဆေးရုံသစ် အတွင်း လှည့်လည်ကြည့်ရှု ခဲ့ကြသည်။ ဒေါ်ခင်ကြည် အမျိုးသမီး ဆေးရုံ(တရုတ်-မြန်မာ ချစ်ကြည်ရေး ဆေးရုံ) အား မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး နှင့် တရုတ် နိုင်ငံ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း တို့မှ အဓိက ကူညီလှူဒါန်း ပေးခဲ့ခြင်းဖြစ်ပြီး Art Wave Group Co.,Ltd က တာဝန်ယူ တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။ စီမံကိန်း အဆင်ပြေမြန်ဆန်စွာ အကောင်အထည်ဖော် နိုင်ရေး အတွက် မြန်မာ-တရုတ် ပူးပေါင်းကူညီဆက်ဆံရေးအသင်း ဗဟို မှ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပြီး China Sinopharm International Corporation မှ ဆေးရုံသုံး ပစ္စည်းများ တင်သွင်းခြင်း နှင့် ဆေးဘက်ဆိုင်ရာ သင်တန်များ ပို့ချခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.