ရန်ကုန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောခရိုင် ဘူးသီးတောင် – သပိတ်တောင်-ညောင် ချောင်း-အောင်ဇေယျ-အငူမော်လမ်း သည် ၄၆ မိုင် ၅ ဖာလုံရှိသည်။ ယခုအခါ အဆိုပါလမ်းအား ဆောက်လုပ်ရေး ဝန်ကြီးဌာန ကျေးလက်လမ်းဦးစီးဌာနက တာဝန်ယူပြီး တာပေါင်ချဲ့ခြင်း၊ ဖြုန်း ကျောက်ခင်းခြင်း၊ တံတားများပြုပြင်...
နယူးယောက်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) ပါပူဝါနယူးဂီနီနိုင်ငံ မာဒန်မြို့မြောက်ဘက် ၁၈၂ကီလိုမီတာအကွာတွင် ရစ်ချ်တာစကေး ၅.၉ပမာဏရှိသည့် ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေး (USGS) ကဇန်နဝါရီ ၂၆ရက်တွင်ပြောကြားခဲ့သည်။
နယ်သာလန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) နယ်သာလန်နိုင်ငံ မြို့တော် အမ်စတာဒမ်မြို့ အလယ်ပိုင်းတွင် ဇန်နဝါရီ ၂၆ရက် က သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ တစ်ဦးသေဆုံးပြီး အခြားလူ ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြို့တော်ရဲတပ်ဖွဲ့က တွစ်တာတွင်ဖော်ပြခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့၌ ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၂၅,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) မြန်မာ အမျိုးသားလေကြောင်း (MNA) လိုင်းမှ ပဉ္စမမြောက် နိုင်ငံတကာ ခရီးစဉ်တစ်ခုအဖြစ် ထိုင်းနိုင်ငံ ဖူးခက် မြို့သို့ လာမည့် မတ် ၂၅ ရက်မှ စတင်ကာ တိုးချဲ့ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။