ရှမိန်၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) သမ္မတရှီကျင့်ဖိန်က BRICS အဖွဲ့ဝင်နိုင်ငံများအနေဖြင့် BRICS Plus မှ တစ်ဆင့် ပွင့်လင်းမြင်သာပြီးမတူကွဲပြားသော အကျိုးတူပူးပေါင်းမှုကွန်ရက်ချဲ့ထွင်သင့်ကြောင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုမိတ်ဆွေကောင်းများနှင့်လက်တွဲဆောင်ရွက်သင့်ကြောင်းပြောကြားခဲ့သည်။ ယခုနှစ် BRICS ထိပ်သီးအစည်းအဝေးများတက်ရောက်ရန် အီဂျစ်၊ ဂီနီ၊ မက္ကဆီကို၊ ထိုင်းနဲ့ တာဂျစ်စတန် နိုင်ငံ ခေါင်းဆောင်များကိုလည်း့ဖိတ်ကြားထားကြောင်းသိရသည်။ (Xinhua)
ရှမိန်၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) သမ္မတရှီကျင့်ဖိန်က ရှမိန်တွင်ကျင်းပနေသည့် BRICS စီးပွားရေးဖိုရမ်ဖွင့်ပွဲတွင် အမှာစကားပြောကြားရာ ဈေးကွက်များပေါ်ထွန်းလာရေးနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများက ကမ္ဘာ့ စီးပွားရေး ရေစီးကြောင်းတွင် အလိုက်သင့်စီးမြောစေရန် တစ်နိုင်ငံနှင့်တစ်နိုင်ငံ လက်တွဲညီညီတွဲထားသင့်ကြောင်း၊ BRICS ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ကမ္ဘာ့စီးပွားရေးကို ပိုမိုမြင့်မားစေသင့်ကြောင်းပြောကြားခဲ့သည်။ (Xinhua)
ရှမိန်၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) သမ္မတရှီကျင့်ဖိန်က ပြီးခဲ့သည့် အချိန်ကာလက BRICS ပူးပေါင်းဆောင်ရွက်မှု၏ ဖွံ့ဖြိုးတိုးတက်မှုကို ပြန်လည်သုံးသပ်ပါကအရေးကြီးသည့် အချက်သုံးချက်ကို တွေ့ရပြီး ထိုအချက်များကို ဆက်လက်ကျင့်သုံးရန်လိုအပ်ပါကြောင်း၊ ၎င်းတို့ထဲတွင် အချင်းချင်းသာတူညီမျှဆက်ဆံရေးထားရှိရန်၊ မတူညီမှုများကြားထဲမှ ဘုံတူညီမှုများကို ရှာဖွေရန်တို့ပါဝင်ပါကြောင်းပြောကြားခဲ့သည်။ သမ္မတရှီကျင့်ဖိန်က ရှမိန်တွင်ကျင်းပနေသည့် BRICS စီးပွားရေးဖိုရမ်ဖွင့်ပွဲတွင် ထိုသို့အမှာစကားပြောကြားခဲ့ခြင်းဖြစ်သည်။(Xinhua)
ရှမိန်၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) ယခုvideo ထဲတွင် ကျင်းပလျက်ရှိသည့် BRICS အဖွဲ့ဝင်နိုင်ငံများနှင့် စီးပွားရေး၊ နိုင်ငံရေးနှင့် ယဉ်ကျေးမှု စသည့်ကဏ္ဍများပူးပေါင်းဆောင်ရွက်မည့်ကိစ္စများနှင့်တရုတ်နိုင်ငံက BRICS အား အနာဂတ်တွင် မည်သို့ဦးဆောင်မည်ဆိုသည့် အချက်များကိုဖော်ပြထားပါသည်။(Xinhua)
ရှန်ဟိုင်း၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) BRICS New Development Bank (NDB) ရုံးချုပ်၏ အမြဲတမ်းအဆောက်အအုံ အား စက်တင်ဘာ ၂ ရက်တွင် ရှန်ဟိုင်းကုန်စည်ပန်းခြံ ၌ စတင်ဆောက်လုပ်ခဲ့ပြီး Huangpu မြစ်တစ်လျှောက် အထင်ကရ အဆောက်အဦတစ်ခု ဖြစ်လာမည်ဟု ခန့်မှန်းရကြောင်း သိရသည်။...