Connect with us

Politics, Law & Military

ရုရှား-တရုတ် ချစ်ကြည်ရေးအသင်း တည်ထောင်ခြင်း နှစ်ပတ်လည်အတွက် တရုတ် သမ္မတ ရှီကျင့်ဖိန် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ဝဲ) နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်တို့ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၄ ရက်က ရုရှားနိုင်ငံ မော်စကိုမြို့၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာလ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ရုရှား-တရုတ် ချစ်ကြည်ရေးအသင်း တည်ထောင်ခြင်း နှစ် ၆၀ ပြည့် နှစ်ပတ်လည်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာ တစ်စောင်အား အောက်တိုဘာလ ၉ ရက်တွင် ပေးပို့လိုက်ကြောင်း သိရသည်။

အဆိုပါ သဝဏ်လွှာတွင် ရှီက လွန်ခဲ့သော ဆယ်စုနှစ် ခြောက်ခုတာ ကာလအတွင်း ရုရှား-တရုတ် ချစ်ကြည်ရေးအသင်းသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို ချစ်ကြည်ရင်းနှီးမှု အခြေခံ သဘောတရားအား လိုက်နာစောင့်ထိန်းကြောင်း၊ ပြည်သူအချင်းချင်း ဖလှယ်မှုများကိုလည်း တက်ကြွစွာ လုပ်ဆောင်ကြောင်း၊ နှစ်နိုင်ငံ ပြည်သူများအကြား အပြန်အလှန် နားလည်မှုနှင့် ချစ်ကြည်ရေး မြှင့်တင်ရာတွင် အရေးပါသော ကူညီ ထောက်ပံ့မှုများ လုပ်ဆောင်ခဲ့ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

အသင်းအနေဖြင့် တရုတ်-ရုရှား ဆက်ဆံရေး ခိုင်မာခြင်းနှင့် တိုးတက်ခြင်းအတွက် အရေးပါသော တွန်းအား တစ်ရပ်ဖြစ်သလို နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်မှုအတွက်လည်း ခိုင်မာသော ဆက်ဆံရေး ဖြစ်စေရန် အဓိကကျကြောင်း ရှီက ဆိုသည်။

တရုတ်-ရုရှား ဆက်ဆံရေးသည် သမိုင်းကြောင်းသစ် စတင်သည့် အချိန်အခါသို့ ရောက်ရှိပြီဖြစ်ကြောင်း၊ အသင်းအနေဖြင့် နှစ်နိုင်ငံ ပြည်သူများအကြား ဖလှယ်မှုများ မြှင့်တင်ရာတွင် ကဏ္ဍသစ် ဖွင့်လှစ်နိုင်မည် ဖြစ်ကြောင်း၊ ပြည်သူအချင်းချင်း ခိုင်မာသော ရင်းနှီးမှုများရရှိစေရန် ကြီးမားသော ထောက်ပံ့မှု ဖြစ်စေကြောင်း၊ တရုတ်-ရုရှား ကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ ဆက်ဆံရေးအား အဆင့်မြင့်တင်ရန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လောင်စာဖြည့်ပေးခြင်း ဖြစ်ကြောင်း သမ္မတ ရှီက ထည့်သွင်း ပြောကြားခဲ့သည်။

ရုရှား-တရုတ် ချစ်ကြည်ရေးအသင်း နှစ်ပတ်လည်နေ့အတွက် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်ကလည်း ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သလို နှစ် ၆၀ ပြည့် နှစ်ပတ်လည် အခမ်းအနား အစည်းအဝေးကြီးအား အောက်တိုဘာလ ၉ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.