ရန်ကုန်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၁၇)ရက်နေ့ မြန်မာစံတော်ချိန် (၁၀)နာရီ (၅၃)မိနစ် (၀၇)စက္ကန့်အချိန်တွင် အင်အားရစ်(ခ်)တာ စကေး (၄.၉)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၇ရက် (ဆင်ဟွာ) ကိုရီးယား-မြန်မာ နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဆိုင်ရာ သဘောတူညီမှုစာချုပ်ကို ကုန်သည်စက်မှု အသင်းချုပ်(UMFCCI) နှင့် ကိုရီးယား နိုင်ငံတကာ ကုန်သွယ်ရေးအသင်း (KITA) တို့ လက်မှတ်ရေးထိုးခဲ့ကြကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သတင်းထုတ်ပြန်သည်။
ဘာစီလိုနာ ၊ နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ)
မော်စကို ၊ နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ) ပီရူးနိုင်ငံ၌ ကျင်းပမည့် အာရှပစိဖိတ်စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု(APCE) ထိပ်သီးအစည်းအဝေးတွင် အမေရိကန်နိုင်ငံသမ္မတအိုဘားမား နှင့် ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်တို့သည် သီးခြားတွေ့ဆုံဆွေးနွေးရန် အစီအစဉ် မရှိကြောင်း ရုရှားအစိုးရက နိုဝင်ဘာလ ၁၆ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ကျိလင်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံကျိလင်ပြည်နယ်၊ ချန်ချွန်းဒေသတွင် မြန်နှုန်းမြင့်ရထားများ၌ ခေါက်သိမ်းထားနိုင်သော အိပ်ရာများ ကို ပါ ထည့်သွင်းတပ်ဆင်ထားကြောင်းသိရသည်။ CRH5E ကျည်ဆံရထား ၂စီး တွင် ထိုင်ခုံအတွင်း ခေါက်သိမ်း ထားနိုင်သည့် အိပ်ရာ များကို တပ်ဆင် ပြေးဆွဲတော့မည်ဖြစ်သည်။ ရထားတစ်စင်းတွင် လူစီးတွဲ...