Connect with us

Africa & Middle East

အယ်လ်ဂျီးရီးယား နိုင်ငံ တောင်ပိုင်းတွင် ယာဉ်မတော်တဆမှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၁၇ ဦး သေဆုံး

ယာဉ်မတော်တဆမှု ဖြစ်ပွား ခဲ့သည့် အယ်လ်ဂျီးရီးယား နိုင်ငံတောင်ပိုင်း Adrar ပြည်နယ် ကို မြင်တွေ့ရစဉ်(ဓာတ်ပုံ-google maps)

အယ်လ်ဂျီးယား ၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

အယ်ဂျီးရီးယား နိုင်ငံ ဒေသတွင်း မီဒီယာ များ၏ စက်တင်ဘာ ၂၁ ရက်နေ့ ၌ ဖော်ပြချက်အရ အယ်လ်ဂျီးရီးယား နိုင်ငံ တောင်ပိုင်းတွင် စက်တင်ဘာ ၂၀ ရက်နေ့တွင် ယာဉ်မတော်တဆမှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၁၇ ဦး သေဆုံး ခဲ့ရာတွင် ၁၁ ဦးမှာ နိုင်ငံခြားဧည့်သည် များ ဖြစ်ကြောင်း သိရှိခဲ့ရသည်။

သတင်းဖော်ပြချက်များ အရ ယာဉ်တိုက်မှု သည် မြို့တော် အယ်လ်ဂျီးယား တောင်ပိုင်း ကီလိုမီတာ ၁၆၀၀ အကွာအဝေးရှိ Adrar ပြည်နယ်တွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး လူပေါင်း ၁၇ ဦး သေဆုံး ခဲ့သည့် အပြင် ၅ ဦး ဒဏ်ရာရရှိရာတွင် လည်း ၄ ဦး မှာ နိုင်ငံခြား ဧည့်သည် များဖြစ်ကြကြောင်း သိရှိခဲ့ရသည်။

ဒေသတွင်း လုံခြုံရေး ဌာန မှ တာဝန်ရှိသူ တစ်ဦး က ဒဏ်ရာရရှိသူ များကို ဆေးရုံ သို့ ပို့ဆောင်ပေးနိုင်ခဲ့ပြီး ဖြစ်ကာ သက်ဆိုင်ရာ ဌာန များအနေဖြင့် အခင်းဖြစ်ပွားရသည့် အကြောင်းရင်း နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ပြောကြား ခဲ့ပြီး လုံခြုံရေး ဌာန အနေဖြင့် သေဆုံးဒဏ်ရာရရှိခဲ့သည့် နိုင်ငံခြားသား များ၏ နိုင်ငံ ကို ပြောကြား ခဲ့ခြင်း မရှိကြောင်း သိရှိခဲ့ရသည်။

စာရင်း ပြုစုချက်များ အရ အယ်လ်ဂျီးရီးယား နိုင်ငံ တွင် ဖြစ်ပွား ခဲ့သည့် ယာဉ်မတော်တဆမှု များ ဖြစ်ပွား ရသည့် အဓိက အကြောင်းရင်း မှာ သတ်မှတ်ချိန်ထက် ကျော်လွန်မောင်းနှင်ခြင်း နှင့် ယာဉ်မောင်း မှာ အချိန်ကြာမြင့်စွာ မောင်းနှင် သဖြင့် ပင်ပန်းခြင်း တို့ကြောင့် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.