ရန်ကုန် ၊ ဇူလိုင် ၂၄ ရက်(ဆင်ဟွာ) ပြည်သူလူထု အနေဖြင့် ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1)2009) နှင့် ပတ်သတ်၍ အလွန်တရာ ကြောက်ရွံ့စရာ မလိုဘဲ ထိရောက်စွာ ကိုင်တွယ် ကုသပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ သာထွန်းကျော်က ယနေ့ဇူလိုင် ၂၄...
ရန်ကုန်၊ ဇူလိုင ၂၄ ရက် (ဆင်ဟွာ) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC)တို့သည် ကချင်ပြည်နယ်ငြိမ်းချမ်းရေးနှင့် NCA လက်မှတ်ရေး ထိုးရေး၊ နေရပ်စွန့်ခွာတိမ်းရှောင်နေကြသူများ အရေးကိစ္စရပ်များအား တွေ့ဆုံဆွေးနွေးကြကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်သော သတင်းအရသိရသည်။
မက္ကဆီကို စီးတီး၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ မက္ကဆီကို စီးတီး ရှိ ဒေသတွင်း ဈေးတစ်ခုတွင် ဇူလိုင် ၂၃ ရက်က ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂ဦးသေဆုံးပြီး အခြားလူ ၁၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1)2009)သည် ရန်ကုန်တိုင်းဒေသကြီးတွင် သုံးဦး၊ ချင်းပြည်နယ် မတူပီမြို့တွင် ၁၀ဦးဖြစ်ပွားပြီး တစ်ဦးသေဆုံးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားရေးရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။