Connect with us

Social

မြန်မာနိုင်ငံတွင် အသက် (၆၀) နှစ်နှင့်အထက် သက်ကြီးရွယ်အိုဦးရေ (၄.၅) သန်းခန့်ရှိ

အဖိုး၊ အဖွားများ ထမင်းစားနေကြစဉ် (ဓာတ်ပုံ-- အင်တာနက်)

ရန်ကုန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းမှရရှိလာသော အချက်အလက်များကို အခြေခံ၍ပြုစုထားသော သက်ကြီးရွယ်အိုအကြောင်းအရာ သုတေသနစာတမ်းအရ မြန်မာနိုင်ငံတွင် အသက် (၆၀) နှစ်နှင့်အထက် သက်ကြီးရွယ်အိုဦးရေ (၄.၅) သန်းခန့်ရှိကြောင်း အလုပ်သမား လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန မှ ထုတ်ပြန်သည့် သက်ကြီးရွယ်အိုအကြောင်းအရာ သုတေသန စာတမ်းတွင် ပါရှိသည်။

၂၀၅၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ သက်ကြီးရွယ်အို (၁၃) သန်း ရှိလိမ့်မည်ဟု ခန့်မှန်းထား ကြောင်း၊ ၂၀၅၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ အသက်ဖွဲ့စည်းမှုပုံစံသည် ယနေ့ခေတ် စင်ကာပူနိုင်ငံ၏ အသက်ဖွဲ့စည်းမှုပုံစံနှင့် တူညီနေမည်ဖြစ်ပြီး အသက် (၆၀) နှစ်နှင့် အထက်တွင် လူဦးရေ (၂၀) ရာခိုင်နှုန်းခန့် ပါဝင်နေမည်ဖြစ်ကြောင်း၊ ၂၀၅၀ ပြည့်နှစ် တွင် သက်ကြီးရွယ်အို အရေအတွက်နှင့် အသက် (၁၅) နှစ်အောက် ကလေး အရေအတွက် တူညီလုနီးပါး ဖြစ်နေမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အဆိုပါ သုတေသနစာတမ်းတွင် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှ ကောက်ယူရရှိသော အချက်အလက်များကို အသုံးပြု၍ မြန်မာနိုင်ငံ၏ လူဦးရေပြောင်းလဲခြင်းနှင့် သက်ကြီးရွယ်အိုဦးရေ၊ သက်ကြီးရွယ်အိုများ ၏ လူမှုရေးဆိုင်ရာ အချက်အလက်များ၊ နေထိုင်မှုအခြေအနေများ၊ စီးပွားရေးဆိုင်ရာ အခြေအနေများ၊ ကျန်းမာရေးနှင့် မျှော်မှန်းသက်တမ်း၊ ဒေသအလိုက် သက်ကြီး ရွယ်အိုများ၏ ကွာခြားချက်များစသည့် အကြောင်းအရာများကို လေ့လာသုံးသပ် တင်ပြထားခြင်းဖြစ်သည်။

သုတေသနစာတမ်းအရ ၁၉၇၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်အတွင်းတွင် နှစ်စဉ် စုစုပေါင်းလူဦးရေတိုးနှုန်း (၁.၄) ရာခိုင်နှုန်းသာ ရှိခဲ့သော်လည်း အသက် (၆၀) နှစ်နှင့်အထက် လူဦးရေသည် နှစ်စဉ် (၂.၄) ရာခိုင်နှုန်းဖြင့် တိုးတက်လာခဲ့ကြောင်း၊ မြို့ပြတွင် ကျေးလက်ထက် သက်ကြီးရွယ်အိုဦးရေ ပိုများကြောင်း သိရှိရပါသည်။ မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် သက်ကြီးရွယ်အိုဦးရေ ပမာဏတိုးပွားလာမှု အမြင့်ဆုံးဖြစ်ကြောင်း၊ လက်ရှိနှုန်း အတိုင်း ဆက်လက်တိုးသွားမည်ဆိုပါက ၂၀၃၀ ပြည့်နှစ်၌ အချက်အချာကျသော တိုင်းဒေသကြီး/ပြည်နယ်များတွင် စုစုပေါင်းလူဦးရေ လျော့နည်းလာခြင်းနှင့်အတူ အသက် (၆၀) နှစ်နှင့်အထက် သက်ကြီးရွယ်အိုဦးရေတိုးနှုန်း အမြင့်ဆုံးဖြစ်သည့် အခြေအနေများကို ကြုံတွေ့လာရမည်ဖြစ်ကြောင်း သုံးသပ်ချက်အရ သိရသည်။

ဤစာတမ်းတွင် ပြုစုတင်ပြထားသည့် သတင်းအချက်အလက်များနှင့် အကြံပြုချက်များသည် မူဝါဒရေးဆွဲသူများနှင့် မြန်မာနိုင်ငံ၏ နေထိုင်မှုဘဝ အခြေအနေများ တိုးတက်ကောင်းမွန်လာစေရန် ဦးတည်သည့် စီမံကိန်းရေးဆွဲမှုများ အတွက် အထောက်အပံ့ဖြစ်သကဲ့သို့ သက်ကြီးရွယ်အိုအကြောင်းအရာနှင့် ပတ်သက် ၍ သုတေသနလုပ်ငန်း ဆောင်ရွက်နေသူများအတွက်လည်း အထောက်အပံ့ ဖြစ်နိုင်မည် ဖြစ်ကြောင်း၊ ပြည်သူ့အင်အားဦးစီးဌာနသည် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအစီရင်ခံစာများကို အတွဲလိုက်ထုတ်ပြန်ကြေညာခဲ့ရာ ပထမ အဆင့်အနေဖြင့် ရှေ့ပြေးလူဦးရေစာရင်းကို ၂၀၁၄ ခုနှစ် သြဂုတ်လတွင် လည်းကောင်း၊ သန်းခေါင်စာရင်း ပင်မအစီရင်ခံစာများကို ၂၀၁၅ ခုနှစ် မေလတွင် လည်းကောင်း၊ အလုပ်အကိုင်နှင့်လုပ်ငန်းအစီရင်ခံစာကို ၂၀၁၆ ခုနှစ် မတ်လတွင် လည်းကောင်း၊ ကိုးကွယ်သည့်ဘာသာ အစီရင်ခံစာကို ၂၀၁၆ ခုနှစ် ဇူလိုင်လတွင် လည်းကောင်း ထုတ်ပြန်ကြေညာခဲ့သည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအချက်အလက်များကို အခြေခံ၍ အသေးစိတ် ဆန်းစစ်လေ့လာသည့် သုတေသနစာတမ်း (၁၃) စောင်နှင့် သန်းခေါင်စာရင်း ရလဒ်မြေပုံများကို ဆက်လက်ပြုစုလျက်ရှိရာ မွေးဖွားခြင်းနှင့် လက်ထပ်ထိမ်းမြားခြင်း၊ သေဆုံးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်သေဆုံးခြင်း၊ ရွှေ့ပြောင်းသွားလာခြင်းနှင့် မြို့ပြ ထွန်းကားလာခြင်း၊ လူဦးရေပြောင်းလဲခြင်း၊ လူဦးရေခန့်မှန်းခြင်း၊ လုပ်သားအင်အား အကြောင်းအရာ၊ ပညာရေးအကြောင်းအရာ၊ အိမ်အကြောင်းအရာနှင့် အိမ်အသုံး အဆောင်ပစ္စည်းများ၊ ကျား/မ ခွဲခြားလေ့လာခြင်းနှင့် မသန်စွမ်းမှုအကြောင်းအရာ စာတမ်းများကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကြောင်းနှင့် အဆိုပါ စာတမ်းများကို ပြည်သူ့အင်အားဦးစီးဌာန၏ ဝက်ဘ်ဆိုဒ် www.dop.gov.mm တွင် လွှင့်တင်ထား ကြောင်း သိရှိရပါသည်။

ယခုထုတ်ပြန်လွှင့်တင်သည့် သက်ကြီးရွယ်အိုအကြောင်းအရာ သုတေသန စာတမ်းအား

http://www.dop.gov.mm/moip/index.php… တွင် Download ရယူနိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.