ရန်ကုန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည်ဆက်လက်တည်ရှိနေကြောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းတို့တွင်မုတ်သုံလေ အားအသင့်အတင့် ရှိနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားကောင်းနေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
ရီယို ဒီ ဂျနေရိုး၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) ရီယို မသန်စွမ်း အိုလံပစ် ပွဲစဉ်အတွက် လက်မှတ် စောင်ရေ ၂.၄ သန်း ရှိသည့်အနက်မှ ၈၀ ရာခိုင်နှုန်းကျော် ရောင်းချနိုင်မည် ဖြစ်ကြောင်းဘရာဇီး မသန်စွမ်း အိုလံပစ် ကော်မတီ (CPB) အကြီးအကဲထံမှ သိရသည်။
နေပြည်တော်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ (၇) အမည်ပေါက် လက်ဝယ် ရှိပြီး ယခင် ကြွေးကျန် မရှိသည့် တောင်သူ လယ်သမားများအား မိုးရာသီ စိုက်ပျိုးစရိတ် အပြည့် အဝ ထုတ်ချေးမည် ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန...
လစ္စဘွန်း၊ စက်တင်ဘာလ ၅ ရက် (ဆင်ဟွာ) ပေါ်တူဂီနိုင်ငံ တောင်ပိုင်းတွင် ရှို့မီးမှတဆင့် မီးလောင်ကျွမ်းခဲ့ရာ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများစွာ ကို စက်တင်ဘာလ ၄ ရက်က ရွှေ့ပြောင်းပေးခဲ့ရကြောင်း ဒေသခံ မီဒီယာက သတင်းတင်ပြထားသည်။
ဟန်ကျိုး၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံ တို့သည့် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်သင့်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖိန်က စက်တင်ဘာ ၄ ရက်ကပြောကြားခဲ့သည်။