Connect with us

Local

ပြည်ပသို့ သြဂုတ်လအတွင်း တရားဝင် အလုပ်သမား ၁၇ဝဝဝ ကျော်စေလွှတ်

မြန်မာအလုပ်သမားများ လုပ်ငန်းခွင်အတွင်း အလုပ်လုပ်ကိုင်နေမှုအား တွေ့ရစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

ပြည်ပသို့ တရားဝင် အလုပ်သမား စေလွှတ်ရာတွင် သြဂုတ်လအတွင်း အလုပ်သမား ၁၇ဝဝဝ ကျော် စေလွှတ်နိုင်ခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ ပြည်ပနိုင်ငံများသို့ အလုပ်သမားများစေလွှတ်ရာတွင် ထိုင်းနိုင်ငံသို့ ၁၆၅၆ဝ ဦးဖြင့် အများဆုံး စေလွှတ်နိုင်ပြီး မလေးရှားနိုင်ငံသို့ ၇၅၇ ဦး၊ တောင်ကိုရီးယား နိုင်ငံသို့ ၃၂၃ ဦး၊ ဂျပန်နိုင်ငံသို့ ၂၂၅ ဦးနှင့် စင်ကာပူနိုင်ငံသို့ ၂၁ ဦး၊ ယူအေအီးနှင့် ကာတာနိုင်ငံတို့သို့ သုံးဦးစီ စေလွှတ်နိုင်ခဲ့သဖြင့် ပြည်ပသို့ အလုပ်သမား စုစုပေါင်း ၁၇၈၉၂ ဦး စေလွှတ်နိုင်ခဲ့ ကြောင်း သိရသည်။

ပြည်တွင်းအလုပ်အကိုင် ရရှိမှုအနေဖြင့် သြဂုတ် လအတွင်း အစိုးရအလုပ် နေရာပေါင်း ၂ဝ၃၅ နေရာ နှင့် ပုဂ္ဂလိက အလုပ်နေရာပေါင်း ၁၆၇၅၄ နေရာ အလုပ်နေရာ စုစုပေါင်း ၁၈၇၈၉ နေရာ ခန့်အပ် ထားနိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.