Connect with us

International Organizations

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိနှင့် ဆိုက်ပရပ်စ် သမ္မတတို့ တွေ့ဆုံ

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိအား တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဆိုက်ပရပ်စ်နိုင်ငံ သမ္မတ Nicos Anastasiades တို့သည် စက်တင်ဘာလ ၁၉ ရက်က ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပစဉ်အတွင်း သီးသန့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

နိုင်ငံတကာ ရေးရာများတွင် တရုတ်နိုင်ငံဘက်က ၎င်း၏ ရပ်တည်ချက်အား ပြောကြားရာတွင် ဆိုက်ပရပ်စ်နိုင်ငံ သမ္မတ Anastasiades က တရုတ်၏ နိုင်ငံတကာအရေး ရပ်တည်ချက်နှင့် အခန်းကဏ္ဍတွင် ကြီးမားသော အရေးပါမှုအား ပြောကြားခဲ့သည်။ ဆိုက်ပရပ်စ်နိုင်ငံ အရေးကိစ္စနှင့် ပတ်သက်၍ တရုတ်၏ ရပ်တည်ချက်အား ကျေးဇူးတင်ကြောင်းနှင့် နိုင်ငံ အခြေကျစေရေးအတွက်လည်း အရေးပါသည့် အခန်းကဏ္ဍမှ တရုတ်က ဆက်လက် ပါဝင်ပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် တရုတ် သမ္မတ ရှီကျင့်ဖိန် အဆိုပြုထားခဲ့သော ခေတ်သစ် ပိုးလမ်းမကြီး ဖော်ဆောင်မှုအား အတူတကွ လုပ်ဆောင်ရန် ဆန္ဒရှိသလို ယင်းသို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံလုံး အကျိုးကျေးဇူး ရရှိမည် ဖြစ်ကြောင်း Anastasiades က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိကလည်း တရုတ်နှင့် ဆိုက်ပရပ်စ်တို့သည် ကောင်းမွန်သော ဆက်ဆံရေးများ ရှိကြောင်း၊ မတူညီသည့် နိုင်ငံအနေအထားများနှင့် စနစ်များရှိသော နိုင်ငံများအတွက် စံပြ တစ်ခု ဖြစ်လာမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ အနေဖြင့် ဆိုက်ပရပ်စ်နှင့် ချစ်ကြည်ရင်းနှီးမှုအပေါ် တရုတ်က တန်ဖိုးထားကြောင်း၊ နိုင်ငံရေဒ အပြန်အလှန် ယုံကြည်မှု တိုးမြှင့်ရေးနှင့် တစ်နိုင်ငံချင်းစီ၏ ဘုံ အကျိုးစီးပွားများနှင့် ဆက်စပ်သော ကိစ္စရပ်များတွင် အပြန်အလှန် ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂ ပဋိဉာဉ်များအား အခြေခံကာ ဆွေးနွေးခြင်းနှင့် ညှိနှိုင်းခြင်းများမှတစ်ဆင့် ဆိုက်ပရပ်စ်အရေးအား အမြဲတစေ ကိုင်တွယ်ခဲ့ကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံဖြစ်သော တရုတ်အနေဖြင့် အဖြေရှာရာတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက် ပါဝင်သွားမည် ဖြစ်ကြောင်း ဝမ်က ဆိုသည်။

ထို့ပြင် ခေတ်သစ် ပိုးလမ်းမကြီးနှင့်ပတ်သက်၍ ဆိုက်ပရပ်စ်၏ အကောင်းမြင် တုံ့ပြန်မှုအပေါ် တရုတ်က ကျေးဇူးတင်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိက ပြောကြားခဲ့သည်။

ဝမ်သည် နယူးယောက်တွင် ကျင်းပနေသော ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ အထွေထွေ ဆွေးနွေးပွဲသို့ တက်ရောက်နေခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.