Connect with us

Social

ပြည်ပရောက် ဒုက္ခသည်များကိုပါ ပြန်လည် နေရာချထားမည်ဟု လူ ကယ် ပြန် ဝန်ကြီး ပြော

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး မီဒီယာများကိုပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

အကြမ်းဖက် ဖြစ်ရပ်ကြောင့် မိမိတို့နေရပ် စွန့်ခွာရသူများအား နေရာချထားရာတွင် ပြည်ပရောက် ဒုက္ခသည်များကိုပါ ပြန်လည်နေရာချထားပေးမည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ယမန်နေ့က ပြောကြား ခဲ့သည်။

“သြဂုတ်လ ၂၅ ရက် အကြမ်းဖက် ဖြစ်ရပ် နောက်ပိုင်းမှာ ဒုက္ခရောက်ကြသူတွေ ရှိတယ်၊ ကိုယ့်ရဲ့ နေရပ်ကို စွန့်ခွာပြီးနေရတဲ့ သူတွေလည်း ရှိတယ်။ ဒါတွေ အားလုံးအတွက်ကို ကျွန်တော်တို့က ပြည်ပကို ရောက်နေတဲ့ ဒုက္ခသည်တွေရော ပြည်တွင်းက ဒုက္ခသည်တွေကိုရော ပြန်လည် နေရာ ချထား ဖို့ ရှိတယ်” ဟု ၎င်းက မီဒီယာသို့ ပြောခဲ့သည်။

အဆိုပါ ဝန်ကြီးဌာနတွင် ယမန်နေ့ ညနေပိုင်း ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံရုံးက ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာ ပြောင်းရွှေ့ နေထိုင်ရသော တိုင်းရင်းသား ပြည်သူများ အတွက် ကျပ်ငွေ သန်း နှစ်ရာ (သိန်း နှစ်ထောင်) လှူဒါန်းပွဲအပြီး မီဒီယာများနှင့် အင်တာဗျူးရာတွင် ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ဟာ ဒေသတွင်းမှာ နေတဲ့ သူတွေကို ခွဲခြားမှု မရှိဘဲ လူမှု ကာကွယ်စောင့်ရှောက်ရေး ဆောင်ရွက်ပေးနေပါတယ်၊ အခုလို ဖြစ်ပွားတဲ့ ဒုက္ခခံစားနေရတဲ့ အချိန်မှာလည်း လူသားချင်း စာနာ ထောက်ထားမှု အကူအညီတွေကို ခွဲခြားခြင်း မရှိဘဲနဲ့ဆောင်ရွက်နေတယ်။ ရှေ့အတွက်ကို ဘယ်လို ဆောင်ရွက်မလဲဆိုတဲ့ စီမံချက်တွေ ရှိပြီးသား ဖြစ်ပါတယ်။ ဒီကိစ္စတွေ ဆောင်ရွက်ဖို့လည်း စုံစမ်း စစ်ဆေးရေး ကော်မရှင်တို့ အကြံပေး ကော်မရှင်တို့ ပေါ်ပေါက်လာပြီးတော့ သူတို့ရဲ့ အကြံပြုချက် တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်” ဟု့က ဒေသတွင်း ပြန်လည် နေရာချထားရေးနှင့် စီးပွားဖွံ့ဖြိုး တိုးတက်ရေး ဥက္ကဋ္ဌ လည်း ဖြစ်သည့် ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ပြောခဲ့သည်။

နိုင်ငံတော် ဒုတိယ သမ္မတ(၁) ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ စုံစမ်း စစ်ဆေးရေး ကော်မရှင် နှင့် မစ္စတာ ကိုဖီအာနန် ဦးဆောင်သော အကြံပေး ကော်မရှင်တို့၏ အကြံပြုချက်များကို အကောင် အထည် ဖော်ရန်’ အကြံပြုချက်များ အကောင်အထည်ဖော်ရေး ကော်မတီ’ ကို စက်တင်ဘာလ ၁၂ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ် များအား လက်ရှိ ပကတိ အခြေအနေများနှင့် ကိုက်ညီပြီး အကျိုးရှိ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကွင်းဆင်း စိစစ် နေပြီဖြစ်ကြောင်း၊ လက်ငင်း ဦးစားပေး ဆောင်ရွက်ရမည့် ကိစ္စ၊ ရေရှည်ဆောင်ရွက်ရ မည့် ကိစ္စများ အား နှစ်ပတ်အတွင်း ထွက်ပေါ်လာစေရန် စိစစ် ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ထွက်ပေါ်လာပြီး နောက်ပိုင်းတွင် ကော်မတီက ဆက်လက်၍ စနစ်တကျ အကောင်အထည် ဖော်သွား မည်ဖြစ် ကြောင်း၊ လက်ရှိ ဆောင်ရွက်လျက်ရှိသည့် လူသားချင်း စာနာ ထောက်ထားမှု အကူအညီ များ ပေးအပ်သည့် လုပ်ငန်း များကို ရခိုင်ဒေသ အနှံ့ ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် လွှမ်းခြုံနိုင်စွမ်း ပိုများသော Red Cross Movement ပုံစံဖြင့် ဆောင်ရွက်နေသကဲ့ သို့ အမေရိကန်၊ အင်္ဂလန်၊ အီးယူ၊ ဒိန်းမတ် နှင့် အရှေ့ တောင် အာရှ အာဆီယံ နိုင်ငံများက လာ ရောက် လှူဒါန်းခြင်း၊ ပူးပေါင်း ဆောင်ရွက် ခြင်းများလည်း ရှိ ကြောင်း၊ ရခိုင်ဒေသသည် စက်တင်ဘာ ၅ ရက်နောက်ပိုင်းမှစပြီး ယခင်ကထက် ပို၍ တည်ငြိမ်လာသည် ဟု ပြောနိုင်ကြောင်း ၎င်းက ရှင်းပြခဲ့ သည်။

“စက်တင်ဘာ ၅ ရက် နောက်ပိုင်းမှာ ပိုပြီးတော့ တည်ငြိမ်လာတယ်၊ တည်ငြိမ်လာတဲ့အတွက်ကြောင့် ကျွန်တော်တို့ လူသားချင်း စာနာ ထောက်ထားမှု အကူအညီတွေ လုပ်ရတဲ့ ကိစ္စဟာ အခု ပိုပြီးတော့ အဆင်ပြေလာပါတယ်။ ငြိမ်းချမ်းရေး ပြန်လည် ရရှိနိုင်တယ် ပြောတာကတော့ အခု အခြေအနေက ပြန်ပြီး တည်ငြိမ်လာတယ်၊ တည်ငြိမ်လာတဲ့ အတွက်ကြောင့် ဆက်ပြီးတော့ တည်ငြိမ်အောင် ငြိမ်း ချမ်းမှုကို ဆက်လက် ရရှိအောင် ကျွန်တော်တို့ ကြိုးစား ဆောင်ရွက်နေပါတယ်” ဟုလည်း ပြည် ထောင်စု ဝန်ကြီးက ပြောခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.