ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) ယနေ့မြန်မာစံတော်ချိန်(၁၀း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ် လျက်ရှိသောဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းတို့တွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်း လာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိခဲ့ပြီး မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာ မြန်မာ့ကမ်းရိုးတန်းဘက်သို့ ဦးတည်နေပါ သဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ...
ပေကျင်း ၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် ဖိလစ်ပိုင်နိုင်ငံသမ္မတဒူတာတေး တို့သည် အောက်တိုဘာလ ၂ဝ ရက်က ပေကျင်းမြို့၌ တွေ့ဆုံစဉ် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုကြီးမားကျယ်ပြန့်စွာ ဖြစ်ပေါ်တိုးတက်စေရန်၊ အပြည့်အဝ တိုးတက်အောင်မြင်စေရန် နှင့် မတူကွဲပြားခြားနားချက်များကို ဖြစ်နိုင်သမျှ ကိုင်တွယ်ဖြေရှင်းသွားကြရန်အတွက် နှစ်နိုင်ငံစလုံးက...
ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) နိုင်ငံတကာ အဆင့်မီ အာရေဘီကာကော်ဖီများကို ပြည်တွင်း ဈေးကွက်နှင့် နိုင်ငံခြား သံရုံးများသို့ မိတ်ဆက်ပြသမည့် ကော်ဖီပြပွဲကို အောက်တိုဘာ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့တွင် ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကော်ဖီအသင်းထံမှ သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ) ချင်းတွင်းမြစ်အတွင်း နစ်မြုပ်ခဲ့သည့် အောင်စိုးမိုးကျော် အမြန်ရေယာဉ် တစ်စင်းလုံး ပေါ်အောင် အောက်တိုဘာ ၂၀ ရက်တွင် ဆောင်ရွက်နိုင်ခဲ့ပြီး သေဆုံးသူ ရုပ်အလောင်း ၇၃ လောင်း ဆယ်ယူ ရရှိခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှုအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲများကို NCA စာချုပ်ပါ ပြဋ္ဌာန်းချက် အတိုင်း ကျင်းပသွားမည် ဖြစ်ကြောင်း အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)၌ ကျင်းပသော စတုတ္ထအကြိမ် နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ မူဘောင် ပြန်လည်သုံးသပ်ရေး ဆွေးနွေးပွဲထံမှသိရသည်။