Connect with us

Africa & Middle East

အာဖဂန်နစ္စတန် နိုင်ငံ မြို့တော်တွင် ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၃ ဦး သေဆုံး ပြီး ၅ ဦး ဒဏ်ရာရရှိ

အာဖဂန်နစ္စတန် နိုင်ငံ တွင် သြဂုတ်လ ၌ ဖြစ်ပွား ခဲ့သည့် အသေခံ ဗုံးခွဲ တိုက်ခိုက်မှု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကဘူးလ် ၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန် နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန က စက်တင်ဘာ ၁၃ ရက်နေ့၌ နိုင်ငံ မြို့တော် ကဘူးလ်တွင် ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ကြောင်း ကို အတည်ပြုထုတ်ပြန်ခဲ့ပြီး တိုက်ခိုက်မှုကြောင့် လူပေါင်း ၃ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါဝင် ခဲ့သည်။

အာဖဂန်နစ္စတန် နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က ဗုံးခွဲတိုက်ခိုက်မှု သည် မြို့တော်ရှိ အားကစားရုံ အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများတွင် လုံခြုံရေး ဝန်ထမ်း တစ်ဦး နှင့် အရပ်သား ၂ ဦး ပါဝင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ဒေသတွင်း မီဒီယာ များ၏ ဖော်ပြချက်အရ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားချိန်တွင် အားကစားရုံအတွင်း ၌ ခရစ်ကက် အားကစား ပြိုင်ပွဲ ကျင်းပ နေပြီး ပေါက်ကွဲမှု သည် အားကစားရုံ ပြင်ပတွင် ဖြစ်ပွား ခဲ့သောကြောင့် အများအပြား သေဆုံးဒဏ်ရာရရှိမှု မဖြစ်ပွား ခဲ့ကြောင်း သိရှိခဲ့ရသည်။

အခင်းဖြစ်စဉ် ကို တွေ့ရှိသူတစ်ဦး က ဆင်ဟွာ သတင်းဌာန သို့ ပြောကြားခဲ့ရာတွင် ဗုံးခွဲတိုက်ခိုက်မှု သည် ဒေသစံတော်ချိန် နေ့လယ် ၂ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသေခံ ဗုံးခွဲ တိုက်ခိုက်သူ တစ်ဦး က အားကစားရုံ ပြင်ပ တွင် အသေခံ ဗုံးခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိအချိန်ထိ မည်သည့်အဖွဲ့အစည်း မှ တိုက်ခိုက်မှု ဆောင်ရွက်ခဲ့ကြောင်း ကြေညာခြင်းမရှိဘဲ တာလီဘန် လက်နက်ကိုင် တပ်ဖွဲ့ သည် ယခု နှစ် ဧပြီလ ၂၈ ရက်နေ့၌ နွေဦး တိုက်ခိုက်မှု ဆောင်ရွက်မည် ဟု ကြေညာ ခဲ့ပြီးနောက်တွင် အာဖဂန်နစ္စတန် နိုင်ငံ အနှံအပြားတွင် တိုက်ခိုက်မှု များဖြစ်ပွား ခဲ့ကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.