Connect with us

North America

အာမာမုန်တိုင်းဒဏ်သင့် အမေရိကန်လူအိုရုံတစ်ခုမှ လူ ၈ ဦးသေဆုံး

အမေရိကန်နိုင်ငံ၌ အာမာမုန်တိုင်း တိုက်ခတ်နေစဉ်(ဆင်ဟွာ)

ဝါရှင်တန်၊စက်တင်ဘာ ၁၄ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်၌ (အာမာ) ဟာရီကိန်းမုန်တိုင်းဒဏ်ခံရပြီးနောက် လူအိုရုံတစ်ခုတွင် လေအေးပေးစနစ်ချွတ်ယွင်းမှု ဖြစ်ပွားခဲ့ရာ လူပေါင်း ၈ ဦးသေဆုံးသွားကြောင်း အာဏာပိုင်များက စက်တင်ဘာလ ၁၃ ရက်တွင်ပြောကြားခဲ့သည်။

Broward ကျန်းမာရေးစစ်ဆေးမှု နှင့် စိတ်ပိုင်းဆိုင်ရာ ဌာန၏ ထုတ်ပြန်ချက်အရ အရှေ့ဘက်ပင်လယ်ဆိပ်ကမ်းမြို့တစ်ခုဖြစ်သည့် ဟောလိဝုဒ်မြို့တော်ရှိ ဟောလိဝုဒ်တောင်စောင်း၌ ဖွင့်လှစ်ထားသော ပြန်လည်ထူထောင်ရေးစင်တာမှ လူပေါင်း ၈ ဦးသေဆုံးခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။

သေဆုံးသူများတွင် အသက် ၇၁ နှစ် မှ ၉၉ နှစ်အရွယ် သက်ကြီးရွယ်အိုများဖြစ်ကြောင်း နှင့် မည်သည့်အတွက်ကြောင့်သေဆုံးရခြင်းကိုမူ မဆုံးဖြတ်နိုင်သေးကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သေဆုံးမှုများသည် အပူချိန်လွန်ကဲမှုနှင့်ဆက်စပ်ဖွယ်ရှိကြောင်း ဒေသဆိုင်ရာရဲတပ်ဖွဲ့က ဆိုသည်။ လူပေါင်း ၁၁၅ ဦးနေထိုင်သည့် ၎င်းလူအိုရုံ၌ အသုံးပြုထားသော အသုံးအဆောင်ပစ္စည်းများကို သုံးစွဲရန်သင့်မသင့် ၊ ပြစ်မှုမြောက်မမြောက်စုံစမ်းစစ်ဆေးသွားမည်ဖြစ်သည်။

ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး Rick Scott ကပြောကြားရာတွင် ဖလော်ရီဒါပြည်နယ် မိသားစုဝင်များ၏ ကလေးသူငယ်များဌာန နှင့် ကျန်းမာရေးစောင့်ရှောက်မှုအေဂျင်စီ မှ အဆိုပါ စုံစမ်းစစ်ဆေးမှုများကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်းပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.