Connect with us

Africa & Middle East

အမေရိကန် နိုင်ငံ ဦးဆောင်သည့် မဟာမိတ် တပ်ဖွဲ့၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၂၂ ဦး သေဆုံး

အမေရိကန် နိုင်ငံ ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့ က လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှု ဆောင်ရွက်ခဲ့စဉ်(ဓာတ်ပုံ-အင်တာနက်)

ဒမဂ္ဂစကက် ၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ဦးဆောင်သည့် မဟာမိတ် တပ်ဖွဲ့ ၏ စက်တင်ဘာ ၁၃ ရက်နေ့၌ ဆီးရီးယား နိုင်ငံ အတွင်း ဆောင်ရွက်ခဲ့သည့် လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သား ၂၂ ဦး သေဆုံး ခဲ့ကြောင်း သေဆုံး ခဲ့ရသည်။

ဆီးရီးယား နိုင်ငံပိုင် သတင်းဌာန ၏ ဖော်ပြချက်အရ မဟာမိတ် တပ်ဖွဲ့ က စက်တင်ဘာ ၁၃ ရက်နေ့၌ ဆီးရီးယား နိုင်ငံ မြောက်ပိုင်း Raqqa မြို့ နှင့် ဆီးရီးယား နိုင်ငံ အရှေ့ပိုင်း Deir ez-Zor ပြည်နယ် တို့တွင် လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှု ဆောင်ရွက်ခဲ့သောကြောင့် အရပ်သား ၂၂ ဦး သေဆုံး ခဲ့ကြောင်း သိရှိခဲ့ရသည်။

ဆီးရီးယား နိုင်ငံ ဒေသတွင်း မီဒီယာ များ၏ ဖော်ပြချက်အရ လတ်တလော လပိုင်းတွင် အမေရိကန် နိုင်ငံ ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့၏ လေကြောင်းဗုံကြဲ တိုက်ခိုက်မှုကြောင့် အရပ်သားပေါင်း ရာနှင့်ချီ၍ သေဆုံး ခဲ့ရကြောင်း သိရှိခဲ့ရသည်။

၂၀၁၄ ခုနှစ်တွင် စက်တင်ဘာလတွင် အမေရိကန် နိုင်ငံ နှင့် အခြား နိုင်ငံ တို့မှ မဟာမိတ်တပ်ဖွဲ့ ဖွဲ့စည်းခဲ့ကြပြီး ဆီရီးယား နိုင်ငံ အတွင်းရှိ IS အစွန်းရောက် အဖွဲ့အစည်း အား လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှု များဆောင်ရွက်ခဲ့ကြသည်။ ဆီးရီးယား နိုင်ငံ အစိုးရ က ယင်းကဲ့သို့ လုပ်ဆောင်ခြင်း သည် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ၏ ခွင့်ပြုချက် ရရှိထားခြင်း မရှိဘဲ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား အမြောက်အမြား သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း ပြောကြား ခဲ့သည်။ ယခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့၌ ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီး က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် နှင့် လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ ထံသို့ အမေရိကန် နိုင်ငံ ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့ ကို ပယ်ဖျက်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.