ရန်ကုန်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ပဲကြီးကျေးရွာအနီး ပုသိမ်-မုံရွာ အဝေးပြေးလမ်းမကြီးပေါ်တွင် အောက်တိုဘာလ ၂၂ ရက် နံနက် ၇ နာရီ ၄၅ မိနစ်တွင် ဘုရားဖူးခရီးသည်တင်ယာဉ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားရာ နှစ်ဦးသေဆုံးပြီး ၂ဝ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) တပ်မတော်(လေ)မှ လေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ်မှ လေယာဉ်မှူး ၂ ဦးသည် လေယာဉ်ပျက်ကျပြီးနောက် နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ယနေ့ အောက်တိုဘာ ၂၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဒူလွန်၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနောက်တောင်ပိုင်း ဒူလွန်တောင်ကြားတွင်ရှိသည့် ဒူလွန်ရွာသည် တစ်နှစ်လျင် ၆ လခန့် ဆက်သွယ်သွားလာ၍မရသောရွာတစ်ရွာဖြစ်ခဲ့သည်။ နှင်းများထူထပ်စွာကျကာ တောင်များကြားထဲတွင်ရှိသောကြောင့် သွားလာရေးအလွန်ခက်ခဲကာ ကျန်းမာရေးကိစ္စများတွင်လည်းဆေးရုံဆေးခန်းသို့အချိန်မီမရောက်နိုင်သောကြောင့် အသက်ဆုံးရှုံးခဲ့ရမှုများလည်းရှိသည်။ သို့သော် ယခုအခါ ၎င်းရွာတည်ရှိသည့် တောင်ကြားကို ဥမင်ဖောက်လုပ်ပြီးစီးဖြစ်၍ ရာသီမရွေးသွားလာနိုင်ပြီဖြစ်သည်။ ထိုဥမင်လှိုဏ်ခေါင်းမှတစ်ဆင့်ကူးသန်းရောင်းဝယ်ရေးလည်းဆောင်ရွက်နိုင်သောကြောင့် ဒေသခံများဝင်ငွေတိုးတက်ဖွံ့ဖြိုးခဲ့သည်။ အစိုးရ၏ ဆင်းရဲမွဲတေမှုပပျောက်ရေးစီမံချက်ကြောင့်...
ပေကျင်း၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) လွန်ခဲ့သည့် နှစ်ပေါင်း ၅ထောင်ကျော်မှ စတင်သည့် တရုတ်နိုင်ငံ၏ သမိုင်းအထင်ကရ ပုံရိပ်များကို ကာတွန်း video ဖြင့်ဖန်တီးထားခြင်းဖြစ်ပါသည်။ တရုတ်လူမျိုးတို့၏ ရိုးရာ ယဉ်ကျေးမှု အနှစ်သာရကိုမြင်တွေ့ခံစားနိုင်မည့် ထို ကာတွန်း ပုံရိပ် video ကို ဆင်ဟွာသတင်းဋ္ဌာနမှ ဖန်တီးတင်ဆက်ခြင်းဖြစ်ပါသည်။...