ဂျကာတာ ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း ဂျာဗားပြည်နယ်၌ လူဒါဇင်ပေါင်းများစွာလိုက်ပါလာသည့် စက်လှေတစ်စင်း တိမ်းမှောက်သွားရာ လူပေါင်း ၇ ဦးပျောက်ဆုံးလျက်ရှိကြောင်း သဘာဝဘေးအန္တရာယ်အေဂျင်စီမှ အရာရှိတစ်ဦးက အောက်တိုဘာလ ၈ ရက်နံနက်အစောပိုင်းက ပြောကြားခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ) ဘက်စုံ ကိုယ်ခံပညာသုံး MMA ပြိုင်ပွဲဖြစ်သည့် ONE:STATE OF WARRIORS ပြိုင်ပွဲတွင် ပြည်တွင်း အဓိက ပွဲစဉ်အဖြစ် မြန်မာစပါးကြီးမြွေဟု လူသိများသည့် အောင်လအန်ဆိုင်းသည် ပြိုင်ဘက် ပိုလန် နိုင်ငံသား မိုက်ကယ် ပက်စတားနက်အား ပွဲချိန်ပြည့် ၃...
နေပြည်တော်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များတွင် တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်နေမှုကြောင့် လွှတ်တော် လုပ်ငန်းများ ဆောင်ရွက်ရာ၌ အခက်အခဲ မရှိကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ယနေ့ညနေ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောခဲ့သည်။
တိဘက်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) တိတ်ဆိတ်အေးချမ်းလှတဲ့တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသမှာ အံ့သြဖွယ်ခရီးသွားအတွေ့အကြုံများစွာရရှိနိုင်ပါတယ်။ တိဘက်မြို့တော် လာဆာမြို့မှတစ်ဆင့်အခြားသောခရိုင်များကိုဆက်လက်သွားလာနိုင်ပါတယ်။ ပန်ဒူအို(Pangduo) ရေအားလျှပ်စစ်စက်ရုံ၊ ရိတင်း(Reting) ဘုန်းတော်ကြီးကျောင်း၊ နာဂန်လာ (Nagenla) တောင်ကြား၊ နမ့်ဆို တောင်ပေါ်ရေအိုင် (Namtso) တို့က တိဘက်ဒေသရဲ့ထင်ရှားတဲ့သွားရောက်လည်ပတ်ရန်နေရာများဖြစ်ပါတယ်။