Connect with us

Politics, Law & Military

အကြမ်းဖက်မှုများ ပိုပြင်းထန်လာပါက ကာ/ လုံအစည်းအဝေး ခေါ်ယူမည်ဟု ဆို


နေပြည်တော်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှု ဖြစ်စဉ်များ ယခုထက် ပိုမို ပြင်းထန်လာပါက အမျိုးသား ကာကွယ် ရေးနှင့် လုံခြုံရေး ကောင်စီ အစည်းအဝေးခေါ်ယူ၍ လိုအပ်သလို ညှိနှိုင်း လုပ်ဆောင် သွားရမည်ဟု ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေးမှူးရုံး ညွှန်ကြား ရေးမှူး ဗိုလ်ချုပ် အောင်ရဲဝင်းက ယနေ့ညနေ သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

“အကြမ်းဖက် တိုက်ခိုက်မှု၊ မီးရှို့မှု၊ ဖျက်ဆီးမှု ဖြစ်စဉ်များ ယခုထက် ပိုမို ပြင်းထန်လာပါက မိမိနိုင်ငံရဲ့ အနောက်ဘက်တံခါး ကျိုးပေါက်သွားနိုင်ပြီး အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့ရဲ့ အန္တိမ ရည်မှန်းချက် ဖြစ်တဲ့ လွတ်မြောက်နယ်မြေ ဖြစ်သွားနိုင်တာကြောင့် နိုင်ငံတော် လုံခြုံရေး ဆောင်ရွက် မှုမှာ အဆင့်အမြင့်ဆုံး ဖြစ်တဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ အစည်းအဝေး ခေါ်ယူပြီး လိုအပ်သလို ညှိနှိုင်း လုပ်ဆောင် သွားရမှာ ဖြစ်ပါတယ်” ဟု ယနေ့ညနေပိုင်း နေပြည်တော် ဘုရင့်နောင်ရိပ်သာ၌ ကျင်းပသည့် ရခိုင်ပြည်နယ်အတွင်း အစွန်းရောက် ဘင်္ဂါလီများ၏ အကြမ်းဖက်မှု ဖြစ်စဉ်များနှင့် ပတ်သက်ပြီး နိုင်ငံတကာမှ စစ်သံမှူးများ၊ ပြည်တွင်း ပြည်ပ မီဒီယာများအား သတင်းစာရှင်းလင်းပွဲ တွင် ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

နေပြည်တော် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးတွင် ယနေ့ ညနေ ပိုင်းက သတင်းစာရှင်းပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

လက်ရှိအခြေအနေတွင် ဘူးသီးတောင်၊ မောင်တောဒေသ၌ ကျေးရွာ၊ မြို့နယ် ခရိုင် အုပ်ချုပ်မှု ယန္တရားများ ပျက်ပြားနေပြီး ဌာနဆိုင်ရာဝန်ထမ်းများ အခြား လူမှုရေး အသင်းအဖွဲ့များသည်လည်း အသက်ဘေး အန္တရာယ်ကြောင့် လုံခြုံမှု ရှိသည့် နေရာများသို့ စွန့်ခွာ ထွက်ပြေးလျက် ရှိရာ မောင်တောမြို့နှင့် ကျေးရွများတွင် အိမ်ခြေ ၂၃၀၅ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး မောင်တော ခရိုင်မှ နေရပ်စွန့်ခွာလာသူ အိမ်ထောင်စု ၉၈၁ စု ရှိနေပြီဖြစ်ကြောင်း၊ ယင်းဒေသ၏ နှစ်ဘက် အဖွဲ့အစည်း အကြား မယုံသင်္ကာမှု၊ ကြောက်ရွံ့ ထိတ်လန့်မှု၊ မုန်းတီးမှုများ အမြင့်မားဆုံး အခြေအနေသို့ ရောက်ရှိနေသောကြောင့် တပ်မတော်သားများ အပါအဝင် လုံခြုံရေး တပ်ဖွဲ့များက နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်းလည်း ၎င်းက ပြောခဲ့သည်။

နေပြည်တော် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးတွင် ယနေ့ ညနေ ပိုင်းက သတင်းစာရှင်းပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

လွတ်လပ်ရေး မတိုင်မီကာလက ဘင်္ဂါလီများသည် ဒေသခံ တိုင်းရင်းသားများအား အကြမ်းဖက် တိုက်ခိုက်၍ တိုင်းရင်းသားတို့ စွန့်ခွာ ထွက်ပြေးသွားသည့် နယ်မြေများတွင် ဝင်ရောက်နေရာယူပြီး ၎င်းတို့ပိုင် နယ်မြေဖြစ်အောင် လုပ်ဆောင်ခဲ့ကြောင်း၊ လက်ရှိ လုပ်ဆောင်မှုများမှာလည်း ဘင်္ဂါလီများသည် နိုင်ငံသား ဖြစ်လိုမှု၊ ရခိုင် ပြည်နယ်အတွင်းတိုင်းရင်းသား လူမျိုး တစ်မျိုးအဖြစ် ရရှိလိုမှု၊ နယ်မြေပိုင်ဆိုင်လိုမှုပုံစံမျိုးများဖြင့် အလားတူ လုပ်ဆောင်လာခြင်း ဖြစ်၍ ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေအရ စိစစ်ခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ နယ်မြေ စိုးမိုးရေး လုပ်ဆောင်နေသည့် ရဲတပ်ဖွဲ့များ အနေဖြင့် အစွန်းရောက် ဘဂ်ၤါလီများ၏ အင်အားသုံး အကြမ်းဖက်မှု များကို ဟန့်တားရာတွင် အားနည်းချက်များ ရှိခြင်းကြောင့် တပ်မတော်က လုံခြုံရေး ကိစ္စများတွင် ဝင်ရောက် ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း၊ အဓိကအားဖြင့် များစွာသော သာလွန် အင်အားများ သုံး၍ တိုက်ခိုက်မှုများအား မြန်မမာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် မည်သို့မျှ ဟန့်တားနိုင်သည့် အခြေ အနေ မရှိသဖြင့် တပ်မတော်က ဝင်ရောက် ဟန့်တား ဆောင်ရွက် ရခြင်း ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရန်လည်း နိုင်ငံတော်သမ္မတက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံ သြဂုတ်လ ၂၅ ရက်နေ့က ပေးပို့ခဲ့သောစာတွင် ညွှန်ကြားထားရှိပြီး တပ်အင်အားကို ဖြည့်တင်းချထားရန်နှင့် ရဟတ်ယာဉ်များ အသုံးပြုနိုင်ရန်လည်း သမ္မတကြီးက ခွင့်ပြုထားကြောင်း၊ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော နှင့် ရသေ့တောင်ဒေသများတွင် နည်းလမ်းမျိုးစုံနှင့် စိမ့်ဝင်နေသည့် အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများနှင့် သာမန် အရပ်သားများကို ကွဲပြားခြားနားနိုင်ရန် Search and Raid လုပ်ငန်းများအား ဥပဒေ ခွင့်ပြုချက်၊ နိုင်ငံတော် အစိုးရနှင့် ပြည်နယ် အစိုးရ၏ ခွင့်ပြုချက်များနှင့်အညီ လိုအပ်သလို တိုးမြှင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ရဲအင်အားနှင့် တပ် အင်အားကိုလည်း အလုံအလောက် အသုံးပြုသွားမည် ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြခဲ့သည်။

အကြမ်းဖက်သမားတို့၏ လုပ်ရပ်များအပေါ် သုံးသပ်ခြင်းနှင့် ပတ်သက်ပြီး တပ်မတော် စစ်ဘက်ရေးရာ ဒုတိယ လုံခြုံရေး အရာရှိချုပ် ဗိုလ်ချုပ် သန်းထွဋ်သိန်းက “ အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားတွေဟာ ကြိုတင်စီမံချက်ဖြင့် အင်အားသုံးပြီး နေရာ (၃၀) မှာ အကြမ်း ဖက်ခဲ့ခြင်း၊ လက်ရှိ နယ်မြေ ရှင်းလင်းနေတဲ့ လုံခြုံရေး တပ်ဖွဲ့တွေကို မိုင်းဆွဲ တိုက်ခိုက်ခြင်း၊ အင်အားသုံးပြီး ပိတ်ဆို့ ဟန့်တားခြင်းတွေ လုပ်ဆောင်လျက်ရှိတဲ့အတွက် အကြမ်းဖက် လုပ်ငန်းတွေကို ဆက်လက် ဆောင်ရွက်လာနိုင်တယ်လို့ သုံးသပ်လို့ရပါတယ်” ဟု ပြောကြားခဲ့သည်။ (Xinhua)