Connect with us

Politics, Law & Military

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က စက်တင်ဘာ ၃ ရက် မှ ၅ ရက်ထိ ကျင်းပမည့် BRICS Xiamen ထိပ်သီးအစည်းအဝေးတွင် ဥက္ကဋ္ဌ တာဝန်ယူမည်

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် BRICS အဖွဲ့ ဝင်နိုင်ငံများမှ ခေါင်းဆောင်များအား အတူတကွတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ သြဂုတ် ၃ဝ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်သည် တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန်(Fujian) ပြည်နယ်၏ ဆိပ်ကမ်းမြို့တစ်ခုဖြစ်သည့် ရှီမန်းမြို့(Xiamen) ၌ စက်တင်ဘာလ ၃ ရက် မှ ၅ ရက်အထိ ကျင်းပမည့် BRICS Xiamen ထိပ်သီးအစည်းအဝေးတွင် ဥက္ကဋ္ဌ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့(သြဂုတ်လ ၃ဝ ရက်)တွင် ထုတ်ဖော်ကြေညာလိုက်သည်။

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လုခန်က သမ္မတရှီသည် ဈေးကွက်ဖော်ဆောင်မှု နှင့် ဘုံဖွံံ့ဖြိုးတိုးတက်မှုအတွက် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား အပြန်အလှန် အကျိုးပြုမှု ပူးပေါင်းဆောင်ရွက်ခြင်း ဆိုင်ရာ ဆွေးနွေးပွဲတွင်လည်း ဥက္ကဋ္ဌ အဖြစ် တာဝန်ယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် သမ္မတရှီသည် BRICS စီးပွားရေးဖိုရမ် ဖွင့်ပွဲ အခမ်းအနား ကဲ့သို့အခြား အခမ်းအနားများကိုလည်းတက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

သမ္မတရှီကျင့်ဖိန်သည် ဘရာဇီးနိုင်ငံသမ္မတ မိုက်ကယ်တီမာ(Michel Temer) အား တရုတ်နိုင်ငံသို့သြဂုတ်လ ၃၁ ရက် မှ စက်တင်ဘာလ ၅ ရက်အထိ တရားဝင် အလည်အပတ်ခရီးလာရောက်ရန် ဖိတ်ခေါ်ထားကြောင်း လုခန်က ပြောကြားခဲ့သည်။ အဆိုပါခရီးစဉ်အတွင်း တီမာသည် BRICS ထိပ်သီးအစည်းအဝေး နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ နှင့် ဈေးကွက်ဖော်ဆောင်မှု ဆွေးနွေးပွဲကို တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်သမ္မတရှီကျင့်ဖိန်သည် တာဂျစ်ကစ္စတန်နိုင်ငံသမ္မတ အမ်မိုမလီရပ်မွန်(Emomali Rahmon) အား တရုတ်နိုင်ငံသို့သြဂုတ်လ ၃ဝ ရက် မှ စက်တင်ဘာလ ၅ ရက်အထိ တရားဝင်ခရီးလာရောက်လည်ပတ်ရန်လည်း ဖိတ်ခေါ်ထားကြောင်း သိရသည်။ အဆိုပါ ခရီးစဉ်အတွင်း တာဂျစ်ကစ္စတန်သမ္မတသည် ရှီမန်းမြို့၌ ကျင်းပမည့် ဖွံ့ဖြိုးဆဲ နိုင်ငံများ နှင့် ဈေးကွက်ဖော်ဆောင်ဆွေးနွေးပွဲသို့တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

BRICS အဖွဲ့ဝင်နိုင်ငံများအဖြစ် ဘရာဇီး ၊ ရုရှား ၊ အိန္ဒိယ ၊ တရုတ် နှင့် တောင်အာဖရိကနိုင်ငံများပါဝင်ပြီး ကမ္ဘာ့စီမံခန့်ခွဲမှုယန္တယားတွင် အရေးပါသော အဖွဲ့အစည်းတစ်ခုအဖြစ် အသိအမှတ်ပြုထားသည်။ တရုတ်နိုင်ငံ BRICS အဖွဲ ့၏ ဥက္ကဋ္ဌ အဖြစ် ယခုနှစ်တွင် တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။(Xinhua)