ဂျကာတာ၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်ရှိ နိုင်ငံတော် ကာကွယ်ဆေးထုတ်လုပ်ရေး ကုမ္ပဏီ Biofarma သို့ ပို့ဆောင်ကာ ထိုမှတစ်ဆင့် ဒေသအများအပြားသို့ ဖြန့်ဝေပေးသွားမည့် Soekarno-Hatta လေဆိပ်၌ ရောက်ရှိနေပြီဖြစ်သော COVID-19 ကာကွယ်ဆေးများကို စောင့်ကြပ်ရန် ရဲတပ်ဖွဲ့နှင့်...
ပေကျင်း၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံ စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနအနေဖြင့် COVID-19 ကာကွယ်ဆေးများ စက်မှုလုပ်ငန်းအဆင့်ထုတ်လုပ်မှု အရှိန်မြှင့်တင်ရန် စက်မှုလုပ်ငန်းဆိုင်ရာ လုပ်ငန်းစဉ်များတစ်လျှောက် ကော်ပိုရိတ်ပူးပေါင်းဆောင်ရွက်မှု လွယ်ကူစေရေး ပြောင်းရွှေ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၅ ရက်တွင် ပြောကြားခဲ့သည်။
ကျိနန်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ်ရှိ ကူးစက်နိုင်ခြေမြင့်မားသော အဓိကအုပ်စုများကို COVID-19 ကာကွယ်ဆေး စုစုပေါင်း အလုံးရေ ၂၁၇,၁၅၈ ထိုးနှံပေးပြီးဖြစ်ကြောင်း တာဝန်ရှိသူများက ဇန်နဝါရီ ၄ ရက် တွင် ပြောကြားခဲ့သည်။
ဟနွိုင်၊ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ဗီယက်နမ်နိုင်ငံသည် ဗြိတိန်နိုင်ငံ AstraZeneca ကုမ္ပဏီမှ ထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေး အလုံးပေါင်း သန်း ၃၀ ဝယ်ယူရန် အမှာစာတစ်ခုကို ပေးပို့ထားပြီးဖြစ်ကြောင်း နှင့် နောက်ထပ်လည်း အခြားသော အရင်းအမြစ်များမှ ကိုဗစ်ကာကွယ်ဆေးများကို ထပ်မံ ဝယ်ယူသွားရန် ကြိုးပမ်းလျက်ရှိကြောင်း...
ကိုင်ရို၊ ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်နိုင်ငံ Sinopharmမှ ထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေးကို အီဂျစ်တွင် အရေးပေါ် အသုံးပြုရန် တရားဝင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း အီဂျစ်ကျန်းမာရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး Hala Zayedက ဇန်နဝါရီ ၂ ရက် ညပိုင်းတွင် ပြောကြားခဲ့သည်။
ဘန်ကောက်၊ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် တရုတ်နိုင်ငံ Sinovac Biotech ကုမ္ပဏီမှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေး ၂ သန်းကို ဝယ်ယူသွားရန် ထိုင်းနိုင်ငံက ရည်မှန်းထားကြောင်း ထိုင်းနိုင်ငံရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ရုံးက ဇန်နဝါရီ ၃ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။
နယူးဒေလီ၊ဇန်နဝါရီ၃ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် COVID-19 ရောဂါ ကာကွယ်ဆေး ဖြန့်ချိမှု နှင့် ဇန်နဝါရီ ၂ ရက်က အိန္ဒိယနိုင်ငံတစ်ဝန်းလုံးတွင် ကာကွယ်ဆေးထိုးနှံခြင်း အကြိုစမ်းသပ်မှု ပြုလုပ်ခဲ့ကြောင်း အိန္ဒိယနိုင်ငံဗဟိုအစိုးရကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ဟူစတန် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် အမေရိကန်နိုင်ငံ ဟူစတန်မြို့ကျန်းမာရေးဌာနက ဇန်နဝါရီ ၂ ရက်တွင် မြို့တော်၏ ပထမဆုံး အများပြည်သူကာကွယ်ဆေးထိုးနှံမှု နေရာကို စတင်ဖွင့်လှစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ပါကစ္စတန်နိုင်ငံသည် တရုတ်နိုင်ငံပိုင် Sinopharm ကုမ္ပဏီမှ ထုတ်လုပ်သည့် ကာကွယ်ဆေးများ၏ COVID-19 ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ဆေးစွမ်းထက်ပြီး ဘေးကင်းစိတ်ချရမှုကြောင့် ယင်းကာကွယ်ဆေးများကို ဝယ်ယူရန် ဆုံးဖြတ်ထားကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးက ဒီဇင်ဘာ ၃၁ ရက်တွင်...
ရန်ကုန် ၊ ဒီဇင်ဘာ ၃၁ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် ကာကွယ်ဆေးများသည် ၂၀၂၁ ခုနှစ်၏ နှစ်ဆန်းပိုင်း အစောဆုံး ကာလများတွင် မြန်မာနိုင်ငံသို့ စတင် ရောက်ရှိမည့် အခြေအနေအထိ ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် နှစ်ဖက် ဆွေးနွေးမှုများကို ဆက်လက် ပြုလုပ်လျက်ရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက နှစ်သစ်ကူး...