Connect with us

WORLD

အမေရိကန်နိုင်ငံ ဟူစတန်မြို့၌ အများပြည်သူကာကွယ်ဆေးထိုးနှံမှုနေရာ ပထမဆုံးဖွင့်လှစ်

အမေရိကန်နိုင်ငံ ဟူစတန်မြို့တွင် COVID-19 ကာကွယ်ဆေးထိုးနှံမှု နေရာတွင် လာရောက်ဆေးထိုးနှံမှု ခံယူသူများအားတွေ့ရစဉ်(ဆင်ဟွာ)

ဟူစတန် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

အမေရိကန်နိုင်ငံ ဟူစတန်မြို့ကျန်းမာရေးဌာနက ဇန်နဝါရီ ၂ ရက်တွင် မြို့တော်၏ ပထမဆုံး အများပြည်သူကာကွယ်ဆေးထိုးနှံမှု နေရာကို စတင်ဖွင့်လှစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

“ ပြည်သူတွေ နေထိုင်မကောင်းဖြစ်ခြင်း နဲ့ နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ ဆိုးဆိုးရွားရွား ဝေဒနာခံစားရခြင်းမှ ကာကွယ်ဖို့အတွက် ကာကွယ်ဆေးထိုးနှံမှုဟာ ကျွန်တော်တို့အတွက် အကောင်းဆုံး ပါပဲ” ဟု ဟူစတန်မြို့တော်ဝန် Sylvester Turner က ဇန်နဝါရီ ၂ ရက်တွင် ပြောကြားခဲ့သည်။ “ ရှေ့တန်းမှာလုပ်ကိုင်နေရသူတွေနဲ့ ဟူစတန်မြို့က ကူးစက်နိုင်ချေမြင့်မားတဲ့ လူအုပ်စုတွေကို ကာကွယ်ဆေးထိုးနှံပေးဖို့ ကျွန်တော်တို့ လုပ်နေတာပါ” ဟု ၎င်းက ဆိုသည်။

အမေရိကန်နိုင်ငံ ဟူစတန်မြို့တွင် COVID-19 ကာကွယ်ဆေးထိုးနှံမှု နေရာတွင် လာရောက်ဆေးထိုးနှံမှု ခံယူသူများအားတွေ့ရစဉ်(ဆင်ဟွာ)

ဟူစတန်မြို့ကျန်းမာရေးဌာနက ထုတ်ပြန်သော ကြေညာချက်တစ်စောင်တွင် အများပြည်သူအတွက် ကာကွယ်ဆေးထိုးနှံမှုနေရာကို ကျယ်ကျယ်ဝန်းဝန်းဖွင့်လှစ်ထားကြောင်း နှင့် ကာကွယ်ဆေးထိုးနှံမှု ခံယူလိုသူများအနေဖြင့် ဆေးထိုးအချိန်ဇယားကို ကြိုတင်ပေးပို့ကာ COVID-19 call center မှ ဆက်သွယ်လာချိန်တွင် ဆေးထိုးနှံမှုခံယူရန် လာရောက်ရမည်ဖြစ်ကြောင်း ဆိုသည်။

အမေရိကန်နိုင်ငံ ဟူစတန်မြို့၌ ဇန်နဝါရီ ၂ ရက်က COVID-19 ကာကွယ်ဆေးထိုးနှံမှု နေရာ ဖွင့်လှစ်ထားသည်ကိုတွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဟူစတန်မြို့၌ ဇန်နဝါရီ ၂ ရက်က COVID-19 ကာကွယ်ဆေးထိုးနှံမှု နေရာ ဖွင့်လှစ်ထားသည်ကိုတွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဟူစတန်မြို့၌ ဇန်နဝါရီ ၂ ရက်က COVID-19 ကာကွယ်ဆေးထိုးနှံမှု နေရာ ဖွင့်လှစ်ထားသည်ကိုတွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဟူစတန်မြို့၌ ဇန်နဝါရီ ၂ ရက်က COVID-19 ကာကွယ်ဆေးထိုးနှံမှုနေရာတွင် ခင်းကျင်းထားသည့် ကာကွယ်ဆေးများအားတွေ့ရစဉ် (ဆင်ဟွာ)

အဆင့် 1A သို့မဟုတ် အဆင့် 1B ဆေးထိုးနှံမှုတွင် အကြုံးဝင်သူများ နှင့် ကာကွယ်ဆေးထိုးနှံမှုခံယူလိုသူများအနေဖြင့် ကြိုတင်စာရင်းပေးသွင်းမှုကို ဦးစွာလုပ်ဆောင်ရမည်ဖြစ်ကြောင်း ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ကာကွယ်ဆေး ဖြန့်ချိမှုကို လုပ်ဆောင်ထားပြီးဖြစ်ကြောင်း တက္ကဆက်စ်ပြည်နယ်အစိုးရ၏ ပြောကြားချက်အရ သိရသည်။ အဆင့် 1A အုပ်စုတွင် ကျန်းမာရေးဝန်ထမ်းများ နှင့် သက်ကြီးစောင့်ရှောက်မှုဂေဟာများတွင် နေထိုင်ကြသူများပါဝင်ကြောင်း နှင့် အဆင့် 1B အုပ်စုတွင် အသက် ၆၅ နှစ်အထက် မည်သူမဆို (သို့မဟုတ်) အသက် ၁၆ နှစ်အထက် နာတာရှည်ရောဂါအခံတစ်မျိုးမျိုးရှိသူများ ပါဝင်ကြောင်း သိရသည်။ ဟူစတန်မြို့သည် ဇန်နဝါရီလအတွင်း မြို့ခံလူပေါင်း ၁ သိန်းကို ကာကွယ်ဆေးထိုးနှံပေးနိုင်ရန် ရည်မှန်းထားကြောင်း မြို့တော်ဝန် Turner က အစောပိုင်းတွင် ပြောကြားထားသည်။(Xinhua)

——————————————-
(English Version)

U.S. Houston opens first public COVID-19 vaccination site

HOUSTON, Jan. 2 (Xinhua) — The health department of the U.S. city of Houston opened the city’s first public COVID-19 vaccine site on Saturday.
“The vaccine is our best shot to help prevent people from getting sick and potentially suffering severe consequences,” Houston Mayor Sylvester Turner said on Saturday. “We are working efficiently to vaccinate eligible frontline employees and vulnerable Houstonians.”

The Houston Health Department said in a release that the public’s response to the vaccination site was overwhelming. The COVID-19 call center was inundated by those seeking to schedule vaccination appointments.

According to the department, those who met Phase 1A or Phase 1B vaccination criteria and wanted to get vaccinated were asked to make an appointment first.
According to the state of Texas, vaccine distribution has been broken down into phases. Phase 1A includes medical workers and those living in nursing homes, and Phase 1B includes anyone who is 65 and older, or 16 and older with a chronic medical condition.

Turner said earlier that the city’s goal in January is to provide 100,000 vaccines to its residents. Enditem

Photos- People take injection in U.S. Houston’s first public COVID-19 vaccination site on 2, December.