Connect with us

WORLD

ပါကစ္စတန်နိုင်ငံအတွက် ဘေးကင်းပြီး ဆေးစွမ်းထက်သော တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးများ ကြိုတင်မှာယူသွားမည်

တရုတ်နိုင်ငံ ပေကျင်းမြို့တော်ရှိ ပေကျင်း ဇီဝဗေဒဆိုင်ရာထုတ်ကုန်များ အင်စတီကျူ့ကုမ္ပဏီလီမိတက်၏ ထုပ်ပိုးမှုစက်ရုံတွင် COVID-19 ကာကွယ်ဆေး (COVID-19 inactivated vaccine) ထုပ်ပိုးမှုအရည်အသွေးကို ဝန်ထမ်းတစ်ဦးက စစ်ဆေးနေစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

ပါကစ္စတန်နိုင်ငံသည် တရုတ်နိုင်ငံပိုင် Sinopharm ကုမ္ပဏီမှ ထုတ်လုပ်သည့် ကာကွယ်ဆေးများ၏ COVID-19 ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ဆေးစွမ်းထက်ပြီး ဘေးကင်းစိတ်ချရမှုကြောင့် ယင်းကာကွယ်ဆေးများကို ဝယ်ယူရန် ဆုံးဖြတ်ထားကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးက ဒီဇင်ဘာ ၃၁ ရက်တွင် ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံသည် ကာကွယ်ဆေးကြိုတင်မှာယူရန်အတွက် အဓိကအချက်များအဖြစ် ကာကွယ်ဆေးရရှိနိုင်မှုနှင့် ကုန်ကျစရိတ်ထိရောက်မှုကို အခြားနိုင်ငံများမှ ရရှိနိုင်သော ကာကွယ်ဆေးများနှင့် နှိုင်းယှဉ်ကြည့်ခဲ့ကြောင်း ဝန်ကြီး Chaudhry Fawad Hussain က ဆင်ဟွာသို့ တယ်လီဖုန်းအင်တာဗျူးမှတစ်ဆင့် ပြောခဲ့သည်။

တရုတ်နိုင်ငံ ပေကျင်းမြို့တော်ရှိ ပေကျင်း ဇီဝဗေဒဆိုင်ရာထုတ်ကုန်များ အင်စတီကျူ့ကုမ္ပဏီလီမိတက်၏ ကာကွယ်ဆေးထုတ်လုပ်မှုစက်ရုံတွင် ဝန်ထမ်းတစ်ဦးက COVID-19 ကာကွယ်ဆေး (COVID-19 inactivated vaccine) နမူနာများကို စစ်ဆေးနေစဉ် (ဆင်ဟွာ) 

“ကျွန်တော်တို့ ကြိုတင်မှာယူရန် အပြီးသတ်ဆုံးဖြတ်ချက်မချမီ မတူညီတဲ့နိုင်ငံတွေက ကာကွယ်ဆေးတွေကို လေ့လာကြည့်ခဲ့ပါတယ်။ အခြားသောကုမ္ပဏီတွေလိုပဲ Sinopharm ကလည်း ပါကစ္စတန်နိုင်ငံကို အချက်အလက်တွေ မျှဝေခဲ့ပါတယ်။ ဆေးရဲ့ဗိုင်းရပ်စ်အပေါ် ထိရောက်မှုနဲ့ လူ့ကျန်းမာရေး ဘေးကင်းစိတ်ချရမှုကို တွေ့ရှိပြီးနောက် ကျွန်တော်တို့ ရွေးချယ်ခဲ့ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံမှ ကာကွယ်ဆေးဝယ်ယူရန် ဆုံးဖြတ်ချက်သည် ဒီဇင်ဘာ ၃၀ ရက်တွင် ပြုလုပ်သော ကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ဖြစ်နိုင်သမျှ အမြန်ဆုံးနည်းလမ်းဖြင့်ကာကွယ်ဆေးရရှိရန် တရုတ်ကုမ္ပဏီနှင့် ဆွေးနွေးလျက်ရှိကြောင်း COVID-19 ကာကွယ်ဆေး ဝယ်ယူခြင်းအတွက် ကြီးကြပ်ရေးအဖွဲ့တစ်ခုအဖြစ် ဆောင်ရွက်ရန် ပါကစ္စတန်အစိုးရက ဖွဲ့စည်းထားသော ဝန်ကြီးအဖွဲ့အထူးကော်မတီ အဖွဲ့ဝင်ငါးဦးအနက် တစ်ဦးဖြစ်သူ Hussain ပြောကြားခဲ့သည်။

ပထမအဆင့်အနေဖြင့် ကာကွယ်ဆေးအလုံးရေ ၁.၂ သန်း ဝယ်ယူသွားမည်ဖြစ်ကြောင်း ၂၀၂၁ ခုနှစ်၏ ပထမသုံးလပတ် အတွင်းနှင့် ယင်းကာလနောက်ပိုင်းတွင် ရှေ့တန်းမှ ဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ထမ်းများကို အခမဲ့ ထိုးနှံပေးရန် စီစဉ်ထားကြောင်း၊ ပုဂ္ဂလိကကဏ္ဍပိုင်းအနေဖြင့်လည်း ကာကွယ်ဆေးရရှိရန်နှင့် ပြည်သူများအားထိုးနှံပေးရန် အားပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူက ဖြည့်စွက်ပြောကြားခဲ့သည်။

“ပါကစ္စတန်နိုင်ငံသည် တရုတ်နိုင်ငံ CanSino Biologics ရဲ့ COVID-19 ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုအဆင့်-၃ တွင် ပါဝင်ပြီး စေတနာ့ဝန်ထမ်းတွေနဲ့ စမ်းသပ်ရာမှာ အလွန်ထိရောက်မှုရှိတယ်ဆိုတာ သက်သေပြနေပါတယ်။ ကျွန်တော်တို့အနေနဲ့ လက်တွေ့စမ်းသပ်မှုတွေအပြီး ဈေးကွက်စတင်တဲ့အခါ နောက်တစ်ဆင့်မှာ ကာကွယ်ဆေး ရရှိနိုင်မှာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

အဆိုပါ ကာကွယ်ဆေးသည် ပါကစ္စတန်နိုင်ငံ၏ အပူချိန်နှင့် ပတ်ဝန်းကျင်တွင် သိုလှောင်ရန်၊ သယ်ယူပို့ဆောင်ရန်နှင့် ထိုးနှံရန် သင့်လျော်ပြီး ပါကစ္စတန်၏ မြောက်များစွာသော လူဦးရေအတွက် အောင်မြင်စွာထိုးနှံနိုင်မှုက အခြားသောနိုင်ငံများ လိုက်ပါလုပ်ဆောင်ရန် နမူနာတစ်ခုဖြစ်လိမ့်ဖြစ်ကြောင်း ၎င်းက အလေးထားပြောခဲ့သည်။

“ပါကစ္စတန်နဲ့ တရုတ် နိုင်ငံတို့ရဲ့ ခိုင်မာတဲ့ခင်မင်ရင်နှီးမှုကို မျှဝေလျက်ရှိခြင်းဟာ တရုတ်နိုင်ငံမှ ကာကွယ်ဆေးဝယ်ယူမှု အကြောင်းရင်းတစ်ခုဖြစ်သော်လည်း ဆုံးဖြတ်ချက်ရဲ့ အခြေခံအကြောင်းအရင်းကတော့ တရုတ်ကုမ္ပဏီက ကမ်းလှမ်းလာတဲ့ ကာကွယ်ဆေးရဲ့ ကောင်းမွန်တဲ့အရည်အသွေးကြောင့်ဖြစ်ပါတယ်” ဟု တာဝန်ရှိသူက ဆိုခဲ့သည်။

ပါကစ္စတန်နိုင်ငံတွင် စုစုပေါင်း ၄၉၇,၇၁၅ ဦးတွင် ရောဂါကူးစက်ခံခဲ့ရပြီး ယင်းတို့အနက် ၄၃၅,၀၇၃ ဦး ပြန်လည်ကျန်းမာလာခဲ့ကာ ၁၀,၁၀၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အစိုးရ၏အနေဖြင့် ကာကွယ်ဆေးဝယ်ယူမှုအတွက် အမေရိကန်ဒေါ်လာ သန်း ၁၅၀ သတ်မှတ်ခွဲဝေထားခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများကို ပထမအသုတ်အနေဖြင့်လည်းကောင်း၊ အသက် ၆၅ နှစ်ကျော် များကို ဒုတိယအသုတ်နှင့် ကျန်ပြည်သူများကို တတိယအသုတ်ဟူ၍ အဆင့်လိုက် ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန အဆိုအရသိရသည်။ (Xinhua)

—————————————–
(English Version)
Safety, effectiveness of Chinese vaccine driving factor for Pakistan to pre-book: minister
Source: Xinhua| 2021-01-01 09:20:25|Editor: huaxia
In the first stage, 1.2 million doses of the vaccine will be procured and administered free of cost to frontline medical staff in and after the first quarter of 2021 in Pakistan.

by Misbah Saba Malik

ISLAMABAD, Dec. 31 (Xinhua) — Pakistan has decided to procure vaccine from China’s state owned company Sinopharm because of its effectiveness and safety to fight against the COVID-19 virus, the country’s federal minister for science and technology said on Thursday.

The availability of the vaccine and its cost effectiveness as compared to available vaccines from other countries are also the main factors for Pakistan to pre-book it, Minister Chaudhry Fawad Hussain told Xinhua through a telephone interview.

“We were checking vaccines from different countries before taking the final decision of pre-booking. Like other companies, Sinopharm also shared its data with Pakistan, and we chose it after finding it effective on the virus, and safe on human health,” he said.

Hussain, who is one of the five members of a Special Cabinet Committee, formed by the Pakistani government to act as an oversight body for procurement of the COVID-19 vaccine, said the decision to procure Chinese vaccine was made in a meeting of the committee on Wednesday, adding that they are in talks with the Chinese company to get the vaccine in the soonest possible way.

In the first stage, 1.2 million doses of the vaccine will be procured and administered free of cost to frontline medical staff in and after the first quarter of 2021, the official said, adding that the private sector will also be encouraged to get the vaccine and administer it to the people.

“Pakistan is also part of phase 3 trial of Chinese CanSino Biologics’ COVID-19 vaccine, and it is proving very effective on volunteers, we will also get that vaccine in the next phase when its marketing starts after the trials,” he said.
He noted that the vaccine is suitable to be stored, transported and administered in Pakistani temperature and environment, and its successful administration on a large population of Pakistan will also set an example for other countries to follow the suit.

“Pakistan and China share a strong bond of friendship, which is also a factor of procurement of the vaccine from China, but the primary reason of the decision is the good quality of the vaccine offered by the Chinese company,” the official said.

A total of 497,715 people have been tested positive of the disease in Pakistan out of which 435,073 recovered and 10,105 died.

The government has allocated 150 million U.S. dollars for vaccine procurement and will administer it to the public in phases with health workers getting it first followed by people over 65 years of age in the second phase, and the rest of the public in the third phase, according to the country’s Health Ministry. ■
1-A staff member checks the packaging quality of COVID-19 inactivated vaccine products at a packaging plant of the Beijing Biological Products Institute Co., Ltd. in Beijing, capital of China, Dec. 25, 2020. (Xinhua/Zhang Yuwei)
2-A staff member tests samples of the COVID-19 inactivated vaccine at a vaccine production base of the Beijing Biological Products Institute Co., Ltd. in Beijing, capital of China, April 11, 2020. (Xinhua/Zhang Yuwei)