မနာမာ ၊ ဇွန် ၅ ရက် (ဆင်ဟွာ) ဘာရိန်းနိုင်ငံက ၎င်းတို့၏ တည်ငြိမ်ရေး နှင့် လုံခြုံရေးကို ထိပါးနှောင့်ယှက်နေသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ကာတာနိုင်ငံ နှင့် သံတမန်ဆက်ဆံရေးကို ရပ်စဲလိုက်ပြီ ဖြစ်ကြောင်း ယနေ့(ဇွန်လ ၅ ရက်)တွင် ထုတ်ဖော်ကြေညာလိုက်ကြောင်း ဘာရိန်းသတင်းအေဂျင်စီက သတင်းဖော်ပြခဲ့သည်။
ရီယက်ဒ် ၊ ဇွန် ၅ ရက် (ဆင်ဟွာ) ဆော်ဒီအာရေးဗီးယားနိုင်ငံက ၎င်းတို့အနေဖြင့် ကာတာနိုင်ငံ နှင့်သံတမန်ဆက်ဆံရေးကို ဖြတ်တောက်လိုက်ပြီ ဖြစ်ကြောင်း ယနေ့( ဇွန်လ ၅ ရက်)တွင် ထုတ်ဖော်ကြေညာလိုက်သည်။
နယူးဒေလီ၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) အိန္ဒိယနှင့် ကာတာနိုင်ငံတို့သည် ဗီဇာ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နှစ်နိုင်ငံ ဆက်ဆံရေး၊ Cyberspace စသည် အဓိကကျသည့် နယ်ပယ် လေးခု၌ ပူးပေါင်းလုပ်ဆောင်ကြရန် သဘောတူလက်မှတ်များ ရေးထိုးခဲ့ကြောင်း သိရသည်။
ဖနွမ်ပင်း ၊ မေ ၂ဝ ရက် (ဆင်ဟွာ) ဒိုဟာမြို့၌ လက်ခံကျင်းပမည့် ၂ဝ၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ အတွက် လိုအပ်သော ဆောက်လုပ်ရေး စီမံကိန်းများ ဆက်လက် လုပ်ကိုင်ရန် ကာတာနိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံမှ ရွှေ့ပြောင်း လုပ်သား ၃၃,ဝဝဝ ဦးကို ခေါ်ယူသွားရန် ကမ်းလှမ်းထားကြောင်း ကမ္ဘောဒီးယား...