Connect with us

Africa & Middle East

ဒိုဟာမြို့တွင် စီမံကိန်း ကာတာနိုင်ငံ ၂၀၁၉ ပြပွဲ ကျင်းပ

ကာတာနိုင်ငံ ၂၀၁၉ ပြပွဲအားတွေ့ရစဉ်(အင်တာနက်)

ဒိုဟာ၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

ကာတာနိုင်ငံ ဒိုဟာမြို့တွင် ဆောက်လုပ်ရေးနှင့် စက်မှုလုပ်ငန်းများ အဓိကပါဝင်ပြသမည့် (၁၆ )ကြိမ်မြောက် စီမံကိန်း ကာတာနိုင်ငံ ၂၀၁၉(Project Qatar 2019)ပြပွဲကို ဧပြီ ၂၉ ရက်၌ စတင်ဖွင့်လှစ်ကျင်းပခဲ့ပြီး ယင်းပြပွဲကို တိုင်းဒေသကြီးနှင့် နိုင်ငံပေါင်း ၃၄ နိုင်ငံမှ ကုမ္ပဏီပေါင်း ၅၀၀ကျော် ဝင်ရောက်ပြသခဲ့ကြောင်း သိရသည်။

“ဒီပြပွဲဟာ စတုရန်းမီတာ ၂၅,၀၀၀ ကျော် နေရာရှိပြီး ကွန်ဗင်းရှင်းစင်တာနှင့် ဒိုဟာပြပွဲနေရာကို ဒီနှစ် ဧည့်သည် ၂၀,၀၀၀ကျော် လာရောက်ဖို့ မျှော်လင့်တယ်”ဟု အဖွဲ့အစည်းက ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ယခုနှစ် ပြပွဲတွင် ဗြိတိန်နိုင်ငံ၊ တူရကီ၊ ရုရှား၊ ရိုမေးနီးယား၊ ပိုလန်၊ ပါကစ္စတန်၊ကူဝိတ်၊အီတလီ၊ အီရန်၊ အိန္ဒိယ၊ တရုတ်၊ ဘယ်လ်ဂျီယံ၊ သြစတြီးယားနှင့် အယ်လ်ဂျီးရီးယားစသည့် နိုင်ငံများကို ကိုယ်စားပြုသော ပြခန်းများပြသလျက်ရှိကြောင်း သိရသည်။စီမံကိန်း ကာတာနိုင်ငံ ၂၀၁၉ပြပွဲသည် အထူးပြုညီလာခံတစ်ခု၊သင်ကြားရေးအစီအစဉ်၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် B2B ကြားခံပလက်ဖောင်းများ ပါဝင်လျက်ရှိကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117