Connect with us

Economy

ကာတာနိုင်ငံက ကမ္ဘောဒီးယား လုပ်သား ၃၃,ဝဝဝ ကိုခေါ်ယူမည်

၂ဝ၂၂ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲ ကျင်းပမည့် ဒိုဟာမြို့ရှိ ဘောလုံးကွင်း တည်ဆောက်ရေး လုပ်ငန်းခွင်အား တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်ပင်း ၊ မေ ၂ဝ ရက် (ဆင်ဟွာ)

ဒိုဟာမြို့၌ လက်ခံကျင်းပမည့် ၂ဝ၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ အတွက် လိုအပ်သော ဆောက်လုပ်ရေး စီမံကိန်းများ ဆက်လက် လုပ်ကိုင်ရန် ကာတာနိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံမှ ရွှေ့ပြောင်း လုပ်သား ၃၃,ဝဝဝ ဦးကို ခေါ်ယူသွားရန် ကမ်းလှမ်းထားကြောင်း ကမ္ဘောဒီးယား ပြည်တွင်း မီဒီယာတစ်ခုက မေလ ၁၉ ရက်တွင် ရေးသား လိုက်သည်။

ကာတာနိုင်ငံ အလုပ်သမားနှင့် လူမှုရေးရာ ဝန်ကြီးဌာန၏ စီမံခန့်ခွဲရေးဌာန ညွှန်ကြားရေးမှူးချုပ် Saleh Al-Shawi နှင့် ကမ္ဘောဒီးယား အလုပ်သမား ဝန်ကြီးဌာန ဝန်ကြီး Ith Samheng တို့တွေ့ဆုံစဉ် ယင်းသို့ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

၂ဝ၂၂ ခုနှစ် ကမ္ဘာ့ဖလား အမီ ပြီးစီးအောင် လုပ်ကိုင်ရမည့် စီမံကိန်း များစွာရှိကြောင်း နှင့် ၎င်းလုပ်ငန်းများ အားလုံး ပြီးစီးနိုင်ရန် အတွက် အလုပ်သမားများစွာ လိုအပ်နေကြောင်း Al-Shawi က ပြောသည်။

“ ကမ္ဘောဒီးယားက အလုပ်သမား ၃၃,ဝဝဝ ကို ခေါ်ယူဖို့ ကာတာနိုင်ငံ အလုပ်သမား ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ကို ပြောတော့ သူက လက်ခံခဲ့တယ် ” ဟု ကမ္ဘောဒီးယား အလုပ်သမား ဝန်ကြီး၏ ပြောကြားချက်ကို ကိုးကားပြီး Khmer Times က သတင်း ဖော်ပြသည်။

ကာတာနိုင်ငံတွင် ရွှေ့ပြောင်း လုပ်သားများအား ကျေးကျွန်ကဲ့သို့ပြုမူ ခိုင်းစေမှုများ ရှိနေသည် ဟူသည့် သတင်းများနှင့် ပတ်သက်ပြီး အလုပ်သား စီမံခန့်ခွဲမှုနှင့် အလုပ်သမား အခွင့်အရေး အပြည့်အဝ ရှိကြောင်း ညွှန်ချုပ် Al-Shawi က ကာကွယ် ပြောကြားခဲ့သည်။

နှစ်နိုင်ငံ အစိုးရသည် ကာတာနိုင်ငံရောက် အလုပ်သမားများကို အကူအညီ ပေးနိုင်ရန် အတွက် အတူတကွ ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်သွားရန် အရေးကြီးကြောင်း Ith Samheng က အစည်းဝေးပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

“ကမ္ဘောဒီးယား လုပ်သား ၃၃,ဝဝဝကို ကာတာနိုင်ငံက လက်ခံပေးလို့ကျေးဇူးတင်ပါတယ်။ ဒါဟာ အရေးပါတဲ့ အစပြုမှုလို့ထင်ပါတယ်။ တကယ်လို့လုပ်ငန်းခွင်မှာ အဆင်ပြေတယ် ဆိုရင်တော့ အနာဂတ်မှာ ကာတာနိုင်ငံကို စေလွှတ်မယ့် ကမ္ဘောဒီးယား အလုပ်သမား အရေအတွက် ဟာ တိုးလာ နိုင်ပါလိမ့်မယ်”ဟု ဝန်ကြီး၏ ပြောကြားချက်ကို ကိုးကားပြီး သတင်းစာက ရေးသားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117