Connect with us

Africa & Middle East

တောင်းဆိုချက်များကို တုံ့ပြန်ရန် ပင်လယ်ကွေ့၄နိုင်ငံက ကာတာအား အချိန် ၄၈ နာရီထပ်တိုးပေး

ကာတာနိုင်ငံ၏ အယ်ဂျားဇီးအသံလွှင့်ဌာန အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရီယဒ် ၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

အကြမ်းဖက်အဖွဲ့အစည်းများကို ထောက်ခံအားပေးမှုများ ပြုလုပ်နေသည်ဟု ကာတာနိုင်ငံအပေါ် စွပ်စွဲထားသည့် ပင်လယ်ကွေ့ ၄ နိုင်ငံက ကူဝိတ်နိုင်ငံ၏ အဆိုပြုချက်ကို သဘောတူလက်ခံပြီး ကာတာနိုင်ငံအား တောင်းဆိုချက်များကို အကြောင်းပြန်ရန် နောက်ထပ် အချိန် ၄၈ နာရီ ထပ်မံတိုးပေးလိုက်ကြောင်း ဆော်ဒီအာရေးဗီးယားနိုင်ငံပိုင်း SPA ရုပ်သံလွှင့် ဌာနက သတင်းဖော်ပြခဲ့သည်။

ပင်လယ်ကွေ့၄ နိုင်ငံဖြစ်သော အာရပ်စော်ဘွားများပြည်ထောင်စု(UAE) ၊ ဘာရိန်း ၊ အီဂျစ် နှင့် ဆော်ဒီနိုင်ငံတို့က ကာတာနိုင်ငံအပေါ် တောင်းဆိုချက်များကို ဇူလိုင်လ ၂ ရက်တွင် နောက်ဆုံးထား အကြောင်းပြန်ရန် ပြောကြားထားသည်။ သို့သော် ပင်လယ်ကွေ့အကျပ်အတည်းတွင်ဖြန်ဖြေသူအဖြစ် ရပ်တည်ခဲ့သည့် ကူဝိတ်နိုင်ငံ၏ မေတ္တာရပ်ခံမှုကြောင့် အချိန်ကာလကို ထပ်မံတိုးပေးခဲ့ခြင်းဖြစ်သည်။

ဇွန်လ ၂ ရက်တွင် ကူဝိတ်စော်ဘွား Sheikh Sabah Al-Ahmad Al-Jaber Al-Sabah ထံ အရေးကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကာတာနိုင်ငံက ထုတ်ပြန်ကြေညာခဲ့ပြီးနောက်တွင် ကူဝိတ်အစိုးရက အချိန် ထပ်မံတိုးပေးရန် ပင်လယ်ကွေ့၄ နိုင်ငံအား မေတ္တာရပ်ခံပေးခဲ့သည်။

ပြီးခဲ့သော ဇွန်လ ၂၃ ရက်တွင် အာရပ် ၄ နိုင်ငံက ကာတာနိုင်ငံအား အယ်ဂျားဇီးရုပ်သံလိုင်း ပိတ်သိမ်းရေး၊ အီရန်နိုင်ငံ နှင့်သံတမန်ဆက်ဆံရေးဖြတ်တောက်ရေး အပါအဝင် တောင်းဆိုချက် ၁၃ ချက်ကို တောင်းဆိုခဲ့သည်။အဆိုပါ ၄ နိုင်ငံသည် ကာတာနိုင်ငံအား အကြမ်းဖက်ဝါဒကို ထောက်ခံအားပေးသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဇွန်လ ၅ ရက်က သံတမန်ဆက်ဆံရေးများ ဖြတ်တောက်ခဲ့သည်။တောင်းဆိုချက်များနှင့်ပတ်သက်၍ ကာတာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sheikh Mahammed bin Abdulrahman က ၎င်းတို့နိုင်ငံအား အပေါ် အရေးယူမှုများမှာ အခြေအမြစ် မရှိကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.