မက္ကဆီကိုစီးတီး၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ) Liga MX Apertura ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် တိုလူကာအသင်းအား ရှုံးနိမ့်ပြီးနောက် မွန်တာရေးအသင်းနှင့် ဝါရင့်စပိန်နောက်ခံလူ ဆာဂျီယို ရာမို့စ်က လမ်းခွဲလိုက်ပြီဖြစ်သည်။ ၂၀၁၀ ပြည့်နှစ် ကမ္ဘာ့ဖလားဆုရှင် ဆာဂျီယို ရာမို့စ်က ၎င်းအနေဖြင့် လွန်ခဲ့သည့် ဖေဖော်ဝါရီက ချုပ်ဆိုခဲ့သည့်...
— ဘာစီလိုနာက ဆိုစီဒက်ကို ဂိုးပြတ်အနိုင်ယူ၍ လာလီဂါအမှတ်ပေးဇယား၌ တစ်မှတ်အသာဖြင့် ဆက်လက်ဦးဆောင် မတ် ၂ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါပွဲစဉ်တွင် ဘာစီလိုနာအသင်းက ရီးရဲလ်ဆိုစီဒက်အသင်းအား အိမ်ကွင်း၌ သက်သောင့်သက်သာဖြင့် ၄ ဂိုးပြတ်အနိုင်ယူကာ အမှတ်ပေးဇယားထိပ်ဆုံး၌ ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။ ယခုအနိုင်ရလဒ်ကြောင့် ဘာစီလိုနာအနေဖြင့် အက်သလက်တီကိုမက်ဒရစ်အား တစ်မှတ်အသာဖြင့်လည်းကောင်း၊ ရီးရဲလ်မက်ဒရစ်အား သုံးမှတ်အသာဖြင့်လည်းကောင်း...
— မန်ချက်စတာယူနိုက်က အာမိုရင်မ်အား မန်နေဂျာသစ်အဖြစ် ခန့်အပ်ကြောင်း အတည်ပြု မန်ချက်စတာယူနိုက်တက်အသင်းသည် ယခုသီတင်းပတ်အစောပိုင်းက ရာထူးမှထုတ်ပယ်လိုက်သည့် နည်းပြ အဲရစ်တန်ဟက်ဂ်၏ နေရာတွင် ပေါ်တူဂီနည်းပြ ရူဘင် အာမိုရင်မ်အား မန်နေဂျာသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း နိုဝင်ဘာ ၁ ရက်၌ အတည်ပြုကြေညာခဲ့သည်။ အာမိုရင်မ်သည် ၂၀၂၇ ခုနှစ် ဇွန်လအထိ သက်တမ်းရှိသော...