ဆိုးလ်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) တိုက်ဖျက်နေသော တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်းရှိ ဒယ်ဂူးမြို့အား အားပေးကူညီသည့်အနေဖြင့် ကျန်းမာရေးသုံး နှာခေါင်းစည်း ၂၅,၀၀၀ ခန့် ဖေဖော်ဝါရီ ၂၇ ရက်က ပေးလှူခဲ့ကြောင်း သိရသည်။
ဗီယင်ကျန်း၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြုလုပ်သည့် နိုဗယ် ကိုရိုဗိုင်းရပ်စ် ရောဂါ(COVID-19) ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေး၌ အရေးပါသော သဘောတူညီမှု ရရှိခဲ့ကြပြီး ယုံကြည်မှုတည်ဆောက်ကာ လက်ရှိ အခက်အခဲများကို အတူတကွ လက်တွဲကျော်လွှားရန် ကတိပြုခဲ့ကြောင်း...
ပေကျင်း၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ စီးပွားရေးဝန်ကြီးဌာန (MOC) သည် ဖေဖော်ဝါရီ ၁၀ ရက်က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေသည့်ကာလအတွင်း နိုင်ငံခြားရင်းနှီးငွေဖြင့် လုပ်ကိုင်သော စီးပွားရေးလုပ်ငန်းများအတွက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ထောက်ပံ့ပေးရန် ဒေသခံအာဏာပိုင်များအား ညွှန်ကြားထားကြောင်း သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်သည် မြို့တော် ပေကျင်းရှိ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းသို့ ယနေ့ဖေဖော်ဝါရီ ၁၀ ရက်တွင် သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ချင်းသောင်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေသည့်ကြားမှ ဘေးကင်းစိတ်ချရသော မင်္ဂလာဆောင်တစ်ခုကို မည်သို့ကျင်းပနိုင်မည်နည်း။ တရုတ်နိုင်ငံသား မင်္ဂလာမောင်နှံနှစ်ဦးက အချိန်နှစ်မိနစ်ခန့်သာ ကြာမြင့်သည့် မင်္ဂလာပွဲကို နှာခေါင်းစည်းများတပ်ဆင်ထားသော လူ ၆ ဦးဖြင့်သာ ကျင်းပခဲ့သည်။
ဂျီနီဗာ၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အထူးသဖြင့် ဟူပေပြည်နယ်တွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသော လူနာများအား မည်သို့ အကောင်းဆုံးကုသမည်နှင့် ဗိုင်းရပ်စ် ပျံ့နှံ့မှုကို မည်သို့ကာကွယ်မည်ကို ရှာဖွေရန် ကျန်းမာရေးဝန်ထမ်းများ၏ ကြိုးပမ်းအားထုတ်မှုများအတွက် ကမ္ဘာက ကျေးဇူးတင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်...
ပေကျင်း ၊ ဖေဖော်ဝါရီ ၁ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုမှ ရောဂါသက်သာလာ၍ ဆေးရုံဆင်းခွင့်ရသော လူနာအရေအတွက်မှာ ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်းအထိ စုစုပေါင်း ၃,၂၈၁ ဦးထိ ရှိသွားပြီးဖြစ်ကြောင်း တရုတ်နိုင်ငံကျန်းမာရေးအာဏာပိုင်များက ယနေ့ ဖေဖော်ဝါရီ ၁၀ ရက်တွင် ကြေညာခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၌ ကူးစက်ရောဂါဖြစ်ပွားနေစဉ်အတွင်းမှာပင် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်ထိန်းသိမ်းရန် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ အခြေအနေအပေါ် ဆက်လက်အလေးထားဆောင်ရွက်နေကြောင်းသိရသည်။
စူးလန်၊ ဇန်နဝါရီ ၂၂ ရက်(ဆင်ဟွာ) ရေခဲဆီးနှင်းခရီးသွားလုပ်ငန်းဖြင့် ကျေးရွာစီးပွားကို ဖော်ဆောင်နေသည့် တရုတ်နိုင်ငံ ကျီလင်ပြည်နယ် စူးလန်မြို့ရှိ ကျေးရွာများ၏ မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ) ရေခဲဆီးနှင်းခရီးသွားလုပ်ငန်းဖြင့် ကျေးရွာစီးပွားကို ဖော်ဆောင်နေသည့် တရုတ်နိုင်ငံ ကျီလင်ပြည်နယ် စူးလန်မြို့ရှိ ကျေးရွာများ၏ မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ) ရေခဲဆီးနှင်းခရီးသွားလုပ်ငန်းဖြင့် ကျေးရွာစီးပွားကို...
လားဆ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ တိဘတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ယဉ်ကျေးမှုခရီးသွားလုပ်ငန်းနှင့်ဆက်စပ်ကဏ္ဍများ ပြည့်စုံမှုရှိလာရာ တောင်ယာလုပ်ငန်းနှင့်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများအတွက် ဝင်ငွေတိုးပွားရရှိစေမည့်လမ်းကြောင်းသို့ ပြောင်းလဲ ရောက်ရှိလာကြောင်း သိရသည်။