Connect with us

Media

အာဖဂန်ကျောင်းသား ၆၀ ဦး “တရုတ်သံအမတ်ကြီး ပညာသင်ဆု” ချီးမြှင့်ခံရ

ကဘူးလ်၊ မတ် ၂၀ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်ရှိ ကဘူးလ်တက္ကသိုလ်၌ ကျင်းပခဲ့သည့် ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ယင်းတက္ကသိုလ်မှ ကျောင်းသား ၆၀ ဦးကို “တရုတ်သံအမတ်ကြီး ပညာသင်ဆု” ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံအနေဖြင့် ပညာရေးတွင် တရုတ်-အာဖဂန်နစ္စတန် ပူးပေါင်းဆောင်ရွက်မှုအား အထူးအလေးထားကြောင်းနှင့် နှစ်နိုင်ငံအကြား ပြည်သူအချင်းချင်းနှင့် ယဉ်ကျေးမှုဖလှယ်မှုများတွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးအား ကတိပြုကြောင်း အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Zhao Xing က အခမ်းအနားမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

လက်ရှိတွင် အာဖဂန်ကျောင်းသား ၁,၀၀၀ ကျော်က တရုတ်နိုင်ငံ၌ ပညာသင်ကြားလျက်ရှိပြီး အာဖဂန်ကျောင်းသား ၂၀၀ နီးပါးက ကဘူးလ်တက္ကသိုလ်ရှိ Confucius Institute ၌ ပညာသင်ကြားလျက် ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

……………………
(English Version)
60 Afghan students awarded “Chinese Ambassador Scholarship”
A total of 60 students from Kabul University were awarded the “Chinese Ambassador Scholarship,” as an awarding ceremony kicked off Monday at Kabul University in Kabul, capital of Afghanistan.
Chinese Ambassador to Afghanistan Zhao Xing said in a speech that China attaches great importance to China-Afghanistan cooperation in education and is committed to promoting the continuous development of people-to-people and cultural exchanges between the two countries.
Currently, more than 1,000 Afghan students are studying in China, and nearly 200 Afghan students are studying at the Confucius Institute at Kabul University, Zhao noted.
Xinhua News Agency correspondents reporting from Kabul. (XHTV)