Connect with us

Media

တရုတ်နိုင်ငံက Apple ၏ အရေးကြီးဆုံး ထောက်ပံ့ကွင်းဆက်ဖြစ်ကြောင်း တင်မ်ကွတ် ပြောကြား

ရှန်ဟိုင်း၊ မတ် ၂၁ ရက် (ဆင်ဟွာ)

Apple အမှုဆောင်အရာရှိချုပ် တင်မ်ကွတ် (Tim Cook) က တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့သို့ သွားရောက်ခဲ့စဉ်အတွင်း တရုတ် ဈေးကွက်အတွက် ကုမ္ပဏီ၏ ရေရှည်ကတိကဝတ်အား မတ် ၂၀ ရက်တွင် ထပ်လောင်းပြောဆိုခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့အတွက် ကမ္ဘာမှာ တရုတ်နိုင်ငံထက် ပိုအရေးကြီးတဲ့ ထောက်ပံ့ကွင်းဆက် မရှိပါဘူး” ဟု တင်မ်ကွတ်က ပြောကြားခဲ့သည်။ Apple အနေဖြင့် တရုတ်နိုင်ငံရှိ ထောက်ပံ့ကွင်းဆက်မိတ်ဖက်များနှင့်အတူ ရေရှည်ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေမည် ဖြစ်ကြောင်းနှင့် နှစ်ဖက်အကျိုးရှိစေမည့် ရလဒ်များ ရရှိစေရေးအတွက် အစိမ်းရောင်နှင့် စမတ်ကုန်ထုတ်လုပ်မှုတွင် တရုတ်ထောက်ပံ့ကွင်းဆက်မိတ်ဖက်များနှင့် အနီးကပ်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ (Xinhua)

………………………
(English Version)
China is Apple’s most critical supply chain: Tim Cook
Apple CEO Tim Cook on Wednesday reiterated the company’s long-term commitment to the Chinese market during his visit to Shanghai.
“There’s no supply chain in the world that’s more critical to us than China,” Cook said, noting that Apple will strengthen its long-term cooperation with its Chinese supply chain partners and work closely with them on green and smart manufacturing to achieve win-win results.
Xinhua News Agency correspondents reporting from Shanghai, China.(XHTV)