မန္တလေး၊ မတ် ၂၆ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ ကောင်စစ်ဝန်ချုပ် မစ္စတာ ချန်းချန်သည် ကောင်စစ်ဝန်ရုံးမှအရာရှိများကို ဦးဆောင်၍ မြန်မာနိုင်ငံရှိ တရုတ်ကုန်သည်လုပ်ငန်းရှင်များအသင်းတာဝန်ခံများနှင့်အတူ မတ် ၂၆ ရက်က မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်သို့ သွားရောက်၍ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွင် ပညာသင်ကြားလျက်ရှိသော တရုတ်ကျောင်းသားကျောင်းသူများအား တွေ့ဆုံအားပေးစကားပြောကြားခဲ့ကြောင်း မန္တလေးအခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး...
ေမန္တလေး၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်တွင် ယနေ့(ဖေဖော်ဝါရီ ၁၃ ရက်)၌ နေအိမ် ၁၀လုံး မီးကူးစက်လောင်ကျွမ်းပြီး ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီးပလိပ်အင်းရေတိမ်ဒေသ၌ ယခုနှစ်တွင် ရေဝင်နည်း ပါးသဖြင့် နှစ်စဉ်လာရောက် ကျက် စားလေ့ရှိသည့် ဆောင်းခိုငှက်များ ဝင်ရောက်မှု ပုံစံပြောင်းလဲလာကြောင်း မြန်မာ့ငှက်နှင့် သဘာဝထိန်းသိမ်းရေး အသင်းမှ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး အရိုးအထူးကုဆေးရုံကြီး(ခုတင်-၅၀၀) မှ ဆေးရုံအုပ်ကြီး ဒေါက်တာကြည်လွင် နှင့် ဌာနခွဲစာရေး ဦးအောင်ကျော်ဦး(ယခု ဦးစီးအရာရှိ (အုပ်ချုပ်/စီမံ)၊ မန္တလေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာန) တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ ဒီဇင်ဘာခြံတွင် ပန်းအစစ်များကို အသုံးပြု၍ ပန်းအလှဆင်ပွဲတော်ကို ဒီဇင်ဘာ ၁၈ ရက်မှ ဇန်နဝါရီ ၁၈ ရက်အထိ တစ်လကြာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ဆည်ကုန်း(အနောက်)ကျေးရွာအနီး ဂွေ့ကြီး ဘုန်းတော်ကြီးကျောင်းရှေ့ မိတ္ထီလာ- ကျောက်ပန်းတောင်း ကားလမ်း ပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားရာ ၂၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ကျောက်ကြီးကျေးရွာအနီးတွင် နိုဝင်ဘာ ၅ ရက် နံနက် ၅နာရီအချိန်ခန့် မော်တော်ယာဉ်နှစ်စီး တိမ်းမှောက်မှုကြောင့် လူ ၁၃ ဦး သေ၊၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီးပုသိမ်ကြီးမြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်းများဖြစ်သည့် ဟိုဒရိုကလိုရစ်အက်ဆစ် ၁၁၀၀၀ လီတာ(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၈၂၅၀ သိန်း)နှင့် ပလတ်စတစ်ပုံးများဖြင့်ထည့်ထားသည့် ဆာလဖျူရစ်အက်ဆစ် ၅၀၀ လီတာ(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃.၇၅ သိန်း)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၁၅ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၆,၀၀၀ သိန်း)နှင့် ဘိန်းဖြူအလေးချိန် ၂၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၄ သိန်း)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၁၄ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး တကောင်းမြို့ ၏ တောင်ဘက် (၁၈) မိုင်ခန့်အကွာ တွင် အင်အားရစ်(ခ်)တာစကေး (၄.၁) အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။