Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ၊ မန္တလေးမြို့ရှိ လူဝင်မှုကြီးကြပ်ရေးရုံးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး ၂ ဦး သေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာရရှိ

ဗုံးပေါက်ကွဲမှုဖြစ်ပွါးခဲ့သော လူဝင်မှုကြီးကြပ်ရေးရုံးအား တွေ့ရစဉ် (ဓာတ်ပုံ-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့)

ရန်ကုန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်အတွင်းရှိ လူဝင်မှုကြီးကြပ်ရေး ရုံးတွင် ယနေ့ (ဧပြီ ၅ ရက်) ပေါက်ကွဲမှုဖြစ်ပွါးပြီး လူ ၂ ဦးသေဆုံးကာ ၇ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

“ပေါက်ကွဲမှုကြောင့် လူကိုးဦး ဒဏ်ရာရခဲ့ပါတယ်။ ဆေးရုံကို ပို့လိုက်ကြတယ်။ နှစ်ယောက်က ဆေးရုံမှာ သေဆုံးသွားတယ်” ဟု
မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဆင်ဟွာသို့ပြောသည်။

လူဝင်မှုကြီးကြပ်ရေးရုံးသို့ ယနေ့ မွန်းလွဲပိုင်းက လူနှစ်ယောက် ဆိုင်ကယ်တစ်စီးနှင့် လာရောက်ပြီး လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ပစ်ခတ်မှုကြောင့် နိုင်ငံသားစိစစ်ရေးကတ် လာရောက်လုပ်ကိုင်သူ ၂ ဦးသေဆုံးပြီး အရပ်သားနှင့် ဝန်ထမ်းအရာရှိ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းကဆိုသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)