Connect with us

Environment, Disasters & Accidents

သင်္ကြန်အကျနေ့ မြန်မာနိုင်ငံ မန္တလေးမြို့၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိ

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပေါက်ကွဲမှု ဖြစ်ပွါးခဲ့သည့် မြို့တော်ဝန်သင်္ကြန်မဏ္ဍပ် အနောက်ဘက် ဆိုင်ကယ်ရပ်နားနေရာအား တွေ့ရစဉ် (ဓာတ်ပုံ- information team)

ရန်ကုန်၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး မြို့တော်ဝန်သင်္ကြန်မဏ္ဍပ် အနောက်ဘက် ဆိုင်ကယ်ရပ်နားဆောင်၌ ယနေ့ (ဧပြီ ၁၄ ရက်) သင်္ကြန်အကျနေ့ နံနက် ၁၀နာရီကျော်တွင် လက်လုပ်မိုင်း ၂ လုံးပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပေါက်ကွဲမှု ဖြစ်ပွါးခဲ့သည့် မြို့တော်ဝန်သင်္ကြန်မဏ္ဍပ် အနောက်ဘက် ဆိုင်ကယ်ရပ်နားနေရာအား တွေ့ရစဉ် (ဓာတ်ပုံ- information team)

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပေါက်ကွဲမှု ဖြစ်ပွါးခဲ့သည့် မြို့တော်ဝန်သင်္ကြန်မဏ္ဍပ် အနောက်ဘက် ဆိုင်ကယ်ရပ်နားနေရာအား တွေ့ရစဉ် (ဓာတ်ပုံ- information team)

အဆိုပါ မြို့တော်ဝန်သင်္ကြန်မဏ္ဍပ် အနောက်ဘက် ဆိုင်ကယ်ရပ်နားဆောင်အတွင်း ရပ်ထားသည့် မော်တော်ဆိုင်ကယ်တစ်စီး၏ အိတ်ဇောအတွင်း ထောင်ထားသော လက်လုပ်မိုင်း ၂လုံးပေါက်ကွဲခဲ့ပြီး ကလေးငယ် ၅ ဦး အပါ အဝင် ဒေသခံပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဗုံးထောင်သူများအား အမြန်ဆုံးဖော်ထုတ်ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။ (Xinhua)