Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ ပြင်ဦးလွင်တွင် ရှော့တိုက်ဒုံးကျည်ပစ်ခတ်မှုကြောင့် လူ ၄ ဦးသေဆုံးကာ ၁၂ ဦးဒဏ်ရာရ

၁၀၇ မမ ရှော့တိုက်ဒုံးကျည် ကျရောက်ပေါက်ကွဲခဲ့သော ပြင်ဦးလွင်ဆေးရုံအား တွေ့စဉ် (ဓာတ်ပုံ- information team)

နေပြည်တော်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့အတွင်းသို့ ၁၀၇ မမရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် သံဃာတော် ၂ ပါးအပါအဝင် ၄ ဦးသေဆုံးပြီး အခြားသူ ၁၂ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော် အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ (ဧပြီ ၁၅ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။

၁၀၇ မမ ရှော့တိုက်ဒုံးကျည် ကျရောက်ပေါက်ကွဲခဲ့သော ပြင်ဦးလွင်ဆေးရုံအား တွေ့စဉ် (ဓာတ်ပုံ- information team)

၁၀၇ မမ ရှော့တိုက်ဒုံးကျည် ကျရောက်ပေါက်ကွဲခဲ့သော ပြင်ဦးလွင်ဆေးရုံအား တွေ့စဉ် (ဓာတ်ပုံ- information team)

၁၀၇ မမ ရှော့တိုက်ဒုံးကျည် ကျရောက်ပေါက်ကွဲခဲ့သော ပြင်ဦးလွင်ဆေးရုံအား တွေ့စဉ် (ဓာတ်ပုံ- information team)

အဆိုပါတိုက်ခိုက်မှုကို အကြမ်းဖက်သမားများက ဧပြီ ၁၄ ရက် ညပိုင်းတွင် ၁၀၇ မမ ရှော့တိုက်ဒုံးကျည် ၁၁ စင်းဖြင့် ပြုလုပ်ခဲ့ရာ အဆိုပါ ရှော့တိုက်ဒုံးများသည် ပြင်ဦးလွင် ပြည်သူ့ဆေးရုံ၏ အရိုးအထူးကုသဆောင်၊ ဘုန်းကြီးကျောင်း၊ ဟိုတယ်နှင့် လူနေရပ်ကွက်အချို့တွင် ကျရောက်ပေါက်ကွဲပြီး သံဃာတော် ၂ ပါးအပါအဝင် ၄ ဦးသေဆုံးပြီး အခြားသူ ၁၂ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သင်္ကြန်ကာလတွင် ယခုကဲ့သို့ လုပ်ရပ်သည် အရုပ်ဆိုးအကျည်းတန်သော အကြမ်းဖက်လုပ်ရပ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ပြစ်မှုကျူးလွန်သူများကို ရှာဖွေဖမ်းဆီးနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်နေကြောင်း သိရသည်။ (Xinhua)