မော်စကို ၊ နိုဝင်ဘာ ၂၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံက လုပ်ကြံပြောဆိုထားသည့် ယူကရိန်းနိုင်ငံအား ရုရှားက ကျူးကျော်ဝင်ရောက်ရန် အစီအစဉ်များ မရှိကြောင်း ရုရှားနိုင်ငံခြားထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူး Sergei Naryshkin က နိုဝင်ဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ နိုဝင်ဘာ ၂၄ ရက်(ဆင်ဟွာ) တရုတ် နှင့် ရုရှား အင်တာနက်မီဒီယာများအကြား ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရေး နှင့် ဖလှယ်မှုများ မြှင့်တင်ရန် ရည်ရွယ်သည့် ဖိုရမ်တစ်ခုအား နိုဝင်ဘာ ၂၂ ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
မော်စကို၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံနှင့် ၎င်း၏ နေတိုး (NATO) မဟာမိတ်တပ်ဖွဲ့များသည် ပင်လယ်နက်ရေပြင်တွင် စစ်ရေးလှုပ်ရှားမှုများကို တိုးမြှင့်လုပ်ဆောင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ထိုသို့လှုပ်ရှားမှုများတွင် အဓိကအားဖြင့် ရေတပ်၊ ဝေဟင်၊ ရေကြောင်းကင်းထောက်ခြင်းနှင့် မဟာဗျူဟာမြောက် လေကြောင်းတပ်ဖွဲ့များ၏ လုပ်ဆောင်ချက်များဆိုင်ရာ...
မော်စကို ၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ) ပင်လယ်နက်ရှိ အမေရိကန်ရေတပ်သင်္ဘောများ၏ စစ်ဆင်ရေးများသည် “မတည်မငြိမ်ဖြစ်စေသည့်အကြောင်းရင်း” တစ်ခုဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို ၊ နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်သည် အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ(CIA) ညွှန်ကြားရေးမှူး William Burns နှင့် တယ်လီဖုန်းဖြင့် ဆွေးနွေးစဉ် အခြားကိစ္စရပ်များရပ်များအပါအဝင် နှစ်နိုင်ငံဆက်ဆံရေး နှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အခြားကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြောင်း ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က...
မော်စကို ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူး Nikolai Patrushev သည် အမေရိကန်နိုင်ငံ ဗဟိုထောက်လှမ်းရေးအေဂျင်စီ(CIA) ညွှန်ကြားရေးမှူး William Burns နှင့် မော်စကိုမြို့၌ နိုဝင်ဘာ ၂ ရက်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ) တရုတ်-ရုရှား ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် ဒေသတွင်း လုံခြုံရေး နှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းခြင်း နှင့် ပင်လယ်ပြင်၌ လုံခြုံရေးခြိမ်းခြောက်မှုများကို တန်ပြန်ရန် နှစ်ဘက်လုံး၏ စွမ်းရည်ကို မြှင့်တင်ပေးကြောင်း တရုတ်တပ်မတော်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အောက်တိုဘာ ၂၈ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။
မော်စကို ၊ အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ) ရုရှားတိုက်လေယာဉ်များသည် အောက်တိုဘာ ၂၀ ရက်တွင် အမေရိကန် မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်နှစ်စင်းအား ပင်လယ်နက်၏ ကြားနေရေပိုင်နက်ပေါ်တွင် လိုက်ပါစောင့်ကြည့်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ရုရှားရေဒါများက ပင်လယ်နက်ပေါ်တွင် ရုရှားနယ်နိမိတ်အား ချဉ်းကပ်လာသည့် လေကြောင်းပစ်မှတ်များအား ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း နှင့် တုန့်ပြန်သည့်အနေဖြင့် Su-30...
မော်စကို ၊ အောက်တိုဘာ ၁၈ ရက်(ဆင်ဟွာ) ရုရှားတိုက်လေယာဉ်တစ်စင်းသည် ဂျပန်ပင်လယ် ကြားနေရေပိုင်နက်ပေါ်တွင် အမေရိကန်နိုင်ငံ၏ မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်တစ်စင်းကို အောက်တိုဘာ ၁၇ ရက်တွင် လိုက်ပါစောင့်ကြည့်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ရုရှားရေဒါများသည် ဂျပန်နိုင်ငံ၏ ပင်လယ်ပြင်ပေါ်တွင် ရုရှားနယ်စပ်သို့ ချည်းကပ်လာသည့် လေကြောင်းပစ်မှတ်တစ်ခုအား ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း နှင့် တုန့်ပြန်သည့်အနေဖြင့် ရုရှားနိုင်ငံ...
မော်စကို ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ တာတာစတန်ဒေသ၌ အောက်တိုဘာ ၁၀ ရက်တွင် L-410 လေယာဉ် ပျက်ကျမှု ဖြစ်ပွားခဲ့ပြီးနောက် လူ ၁၆ ဦး သေဆုံးကာ ဒဏ်ရာရရှိသူ ၆ ဦး ရှိကြောင်း TASS သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ အစောပိုင်းဖော်ပြမှုတွင်...