ပေကျင်း၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် COVID-19 တိုက်ဖျက်ရေးတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ခြင်းကြောင့် ဂုဏ်ထူးဆောင်ဆုရရှိသူများကို ယနေ့ စက်တင်ဘာ ၈ ရက်၌ နိုင်ငံတော်ဂုဏ်ပြုဆုတံဆိပ်များ အသီးသီဂ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်ပြည်သူများအနေဖြင့် ပိုမိုကောင်းမွန်သော လူမှုဘဝဆီသို့ ချီတက်ရာတွင် မည်သူတစ်ဦးတစ်ယောက် သို့မဟုတ် မည်သည့်အင်အားစုကမျှ ရပ်တန့်၍ ရနိုင်မည်မဟုတ်ကြောင်း ယနေ့ စက်တင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်ကွန်မြူနစ်ပါတီ (CPC) သည် တရုတ်ပြည်သူများအတွက် ခက်ခဲသောအချိန်ကာလများ၌ ယုံကြည်ရဆုံး ကျောရိုးမဏ္ဍိုင်ဖြစ်ကြောင်း စက်တင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် တရုတ်နိုင်ငံ၏ COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေးတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့သူများအတွက် စံပြလုပ်ဆောင်မှုချီးကျူးဂုဏ်ပြုခြင်း အစည်းအဝေးတစ်ခုသို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ ယင်းအစည်းအဝေးကို စက်တင်ဘာ ၇ ရက်တွင် ပေကျင်းမြို့တော်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ပေကျင်း၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် စက်တင်ဘာ ၄ ရက်က ဗီဒီယိုလင့်ခ်မှတစ်ဆင့် ပြုလုပ်သည့် ၂၀၂၀ ပြည့်နှစ် တရုတ် နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်း ကုန်စည်ပြပွဲ၏ ကမ္ဘာလုံးဆိုင်ရာ ဝန်ဆောင်မှု ကုန်သွယ်ရေး ထိပ်သီးအစည်းအဝေး၌ အချက်သုံးချက် အဆိုပြုခဲ့ကြောင်း သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် စက်တင်ဘာ ၃ ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့ဖက်စစ်စနစ် ဆန့်ကျင်ရေး နှင့် ဂျပန်တို့၏ ကျူးကျော်မှုကို တော်လှန်ခဲ့သော တရုတ်ပြည်သူများ၏ စစ်အောင်ပွဲ ၇၅ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်မည် ဖြစ်ကြောင်း...
ဟဲဖေး၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်သည် နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ်ရှိ ရေကြီးရေလျှံမှုတွင် ကယ်ဆယ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရင်း အသက်ပေးခဲ့ကြသူများ၏ မိသားစုဝင်များထံသို့ ယနေ့ (ဩဂုတ် ၂၀ ရက်) သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဩဂုတ် ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးတွင် ထူးချွန်စွာ ပါဝင်ဆောင်ရွက်ခဲ့သူ လေးဦးအား နိုင်ငံတော်ဆုတံဆိပ် နှင့် ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်ရန် သမ္မတအမိန့်ဒီဂရီတစ်ရပ်ကို ဩဂုတ် ၁၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ပေကျင်းမြို့တော်ရှိ ပြည်သူ့ခန်းမကြီးတွင် ယနေ့ ပြုလုပ်သည့် BeiDou-3 ဂြိုဟ်တုလမ်းကြောင်းပြစနစ် အောင်မြင်စွာ တည်ဆောက်ပြီးစီးခြင်းနှင့် စတင်ခြင်း အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)
ပေကျင်း၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အာရှ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) ပလက်ဖောင်းသစ်ဖြင့် အဖွဲ့ဝင်နိုင်ငံများနှင့် အဖွဲ့အစည်းတည်ဆောက်မှုအားလုံးအတွက် အေးအတူ၊ ပူအမျှ လူသားမျိုးနွယ်အသိုက်အဝန်းတစ်ခု တည်ဆောက်ရန် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန် ဆောင်ရွက်သွားရေး အတွက် တိုက်တွန်းပြောကြားခဲ့သည်။