Connect with us

CHINA

သမ္မတရှီက တရုတ်နိုင်ငံ၏ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေး စံပြလုပ်ဆောင်မှု ချီးကျူးဂုဏ်ပြုခြင်း အစည်းအဝေးသို့ တက်ရောက်မည်

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ မဟာပြည်သူ့ခန်းမကြီး တရုတ်နိုင်ငံတော်အလံများ လွှင့်ထူထားသည်ကို ၂၀၂၀ ပြည့်နှစ် မေ ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် တရုတ်နိုင်ငံ၏ COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေးတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့သူများအတွက် စံပြလုပ်ဆောင်မှုချီးကျူးဂုဏ်ပြုခြင်း အစည်းအဝေးတစ်ခုသို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ ယင်းအစည်းအဝေးကို စက်တင်ဘာ ၇ ရက်တွင် ပေကျင်းမြို့တော်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

တရုတ်နိုင်ငံကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူးချုပ် နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဌ လည်းဖြစ်သူ သမ္မတရှီသည် ပေကျင်းမြို့ မဟာပြည်သူ့ခန်းမကြီးတွင် စက်တင်ဘာ ၇ ရက် နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်မည့် ယင်းအစည်းအဝေးတွင် မိန့်ခွန်းတစ်ရပ်ပြောကြားသွားမည်ဖြစ်ကြောင်း နှင့် ကပ်ရောဂါတိုက်ဖျက်ရေးတွင် ထူးချွန်စွာ ပါဝင်ဆောင်ရွက်ခဲ့သူ တစ်ဦးချင်းစီကိုလည်း ဂုဏ်ပြု ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ယင်းအခမ်းအနားကို တရုတ်မီဒီယာဂရု နှင့် ဆင်ဟွာနက်(xinhuanet.com) မှ တိုက်ရိုက်ထုတ်လွှင့်ပြသွားမည်ဖြစ်သည်။ ထို့ပြင် ယင်းအစီအစဉ်ကို people.com.cm ၊ cctv.com နှင့် china.com.cn တို့ အပြင် People’s Daily ၊ Xinhua News Agency နှင့် China Central Television တို့တွင်လည်း ထပ်ဆင့် ထုတ်လွှင့်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)