Connect with us

Politics, Law & Military

တရုတ်နိုင်ငံ ပြည်သူများ ပိုမိုကောင်းမွန်သော လူမှုဘဝဆီသို့ ချီတက်ရာတွင် မည်သူမျှရပ်တန့်နိုင်မည်မဟုတ်ကြောင်း သမ္မတ ရှီကျင့်ဖိန် ပြော

တရုတ်နိုင်ငံ ပေကျင်းမြို့တော် ပြည်သူ့ခန်းမကြီးတွင် တရုတ်နိုင်ငံ၏ COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေး စံပြလုပ်ဆောင်မှု ချီးကျူးဂုဏ်ပြုခြင်း အစည်းအဝေးကျင်းပနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်ပြည်သူများအနေဖြင့် ပိုမိုကောင်းမွန်သော လူမှုဘဝဆီသို့ ချီတက်ရာတွင် မည်သူတစ်ဦးတစ်ယောက် သို့မဟုတ် မည်သည့်အင်အားစုကမျှ ရပ်တန့်၍ ရနိုင်မည်မဟုတ်ကြောင်း ယနေ့ စက်တင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံ ပြည်သူများနှင့် တရုတ်နိုင်ငံတော်သည် ခေတ်သစ်တွင် ကြီးမားသောခရီးလမ်းကြောင်းပေါ်သို့ ဧကန်မလွဲ ဦးတည်ရှေ့ဆက်သွားမည်ဖြစ်ကြောင်း သမ္မတ ရှီက ပြောခဲ့သည်။  သမ္မတ ရှီသည် တရုတ်နိုင်ငံ၌ COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေး စံပြလုပ်ဆောင်မှု ချီးကျူးဂုဏ်ပြုခြင်း အစည်းအဝေး၌  မိန့်ခွန်းပြောကြားစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အစည်းအဝေးကို ယနေ့ (စက်တင်ဘာ ၈ ရက်) နံနက်ပိုင်း ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီးတွင် ကျင်းပလျက်ရှိသည်။  (Xinhua)