Connect with us

CHINA

သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံတွင် COVID-19 တိုက်ဖျက်ရေး စံပြလုပ်ဆောင်ခဲ့သူများကို ဆုတံဆိပ်များ ပေးအပ်ချီးမြှင့် 

တရုတ်နိုင်ငံ၏ အမြင့်ဆုံးဂုဏ်ထူးဆောင်ဆု (Medal of the Republic) ချီးမြှင့်ခံရသူ Zhong Nanshan ပြည်သူ့ခန်းမဆောင်ကြီးသို့ ရောက်ရှိလာစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် COVID-19 တိုက်ဖျက်ရေးတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ခြင်းကြောင့် ဂုဏ်ထူးဆောင်ဆုရရှိသူများကို ယနေ့ စက်တင်ဘာ ၈ ရက်၌ နိုင်ငံတော်ဂုဏ်ပြုဆုတံဆိပ်များ အသီးသီဂ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ 

တရုတ်နိုင်ငံ၌ ကူးစက်ရောဂါ တိုက်ဖျက်ရေး စံပြလုပ်ဆောင်သူများအား ဂုဏ်ပြုခြင်းအစည်းအဝေးကို ပေကျင်းမြို့တော် ပြည်သူ့ခန်းမဆောင်ကြီးတွင် ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံ၏ အမြင့်ဆုံးဂုဏ်ထူးဆောင်ဆု (Medal of the Republic) ကို နာမည်ကျော် အသက်ရှူလမ်းကြောင်းရောဂါဆိုင်ရာ ကျွမ်းကျင်ပညာရှင် Zhong Nanshan အား  ဂုဏ်ပြုပေးအပ်ခဲ့သည်။ 

 

နိုင်ငံတော် ဂုဏ်ထူးဆောင်ဆုတံဆိပ်ဖြစ်သော “ပြည်သူ့ သူရဲကောင်း” (the People’s Hero) ဆုတံဆိပ် ချီးမြှင့်ခံရသူ Zhang Boli ပြည်သူ့ခန်းမဆောင်ကြီးသို့ ရောက်ရှိလာစဉ် (ဆင်ဟွာ)

 

နိုင်ငံတော် ဂုဏ်ထူးဆောင်ဆုတံဆိပ်ဖြစ်သော “ပြည်သူ့ သူရဲကောင်း” (the People’s Hero) ဆုတံဆိပ် ချီးမြှင့်ခံရသူ Zhang Dingyu ပြည်သူ့ခန်းမဆောင်ကြီးသို့ ရောက်ရှိလာစဉ် (ဆင်ဟွာ)

 

နိုင်ငံတော် ဂုဏ်ထူးဆောင်ဆုတံဆိပ်ဖြစ်သော “ပြည်သူ့ သူရဲကောင်း” (the People’s Hero) ဆုတံဆိပ် ချီးမြှင့်ခံရသူ Chen Wei ပြည်သူ့ခန်းမဆောင်ကြီးသို့ ရောက်ရှိလာစဉ် (ဆင်ဟွာ)

ထို့ပြင် နိုင်ငံတော် ဂုဏ်ထူးဆောင်ဆုတံဆိပ်ဖြစ်သော “ပြည်သူ့ သူရဲကောင်း” (the People’s Hero) ဆုတံဆိပ်များကို COVID-19 ကုသရေး၌ တရုတ်တိုင်းရင်းဆေးဝါးနှင့် အနောက်တိုင်းဆေးဝါးတို့ကို ပေါင်းစပ်ရေး အစီအစဉ် သုတေသနအတွက် ဦးဆောင်ပါဝင်ခဲ့သူ တရုတ်တိုင်းရင်းဆေးပညာရှင် Zhang Boli အား လည်းကောင်း၊ ဝူဟန့်၏ ကိုရိုနာဗိုင်းရပ်စ် ကုသရေးအတွက် သတ်မှတ်ထားသော Jinyintan ဆေးရုံ အကြီးအကဲ Zhang Dingyu အား လည်းကောင်း၊ COVID-19 နှင့် ဆက်စပ်သော အခြေခံသုတသနနှင့် ကာကွယ်ဆေးနှင့် အကာအကွယ်ဆေးဝါး ဖော်ထုတ်မှုများတွင် အဓိကအောင်မြင်မှုများ စွမ်းဆောင်နိုင်ခဲ့သော စစ်ဘက်ဆိုင်ရာ ဆေးဝါးသိပ္ပံပညာရှင် Chen Wei အား လည်းကောင်း ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။  (Xinhua) 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.