ကဘူးလ် ၊ ဇူလိုင် ၂၀ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ သမ္မတနန်းတော်အား ဦးတည်၍ ယနေ့ ဇူလိုင် ၂၀ ရက်တွင် ဒုံးကျည်အစင်းပေါင်းများစွာဖြင့် ပစ်လွှတ်တိုက်ခိုက်ခံရကြောင်း ၊ သို့သော် ပစ်မှတ်ကိုထိမှန်ခြင်းမရှိကြောင်း အစိုးရအရာရှိများ နှင့် မီဒီယာက ဖော်ပြခဲ့သည်။
ကဘူးလ်၊မေ ၉ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ အနောက်ပိုင်းရှိ မိန်းကလေးသီးသန့်သင် အထက်တန်းကျောင်းတစ်ခု၏ ကျောင်းဝင်အပြင်ဘက်၌ ဖြစ်ပွားသော ပြင်းထန်သည့် ပေါက်ကွဲမှု သုံးခုအတွင်း သေဆုံးသူ ၅၀ ဦး နှင့် ဒဏ်ရာရသူ ၁၀၀ ကျော်အထိ မြင့်တက်လာခဲ့ကြောင်း အာဖဂန်ရဲတပ်ဖွဲ့က ကနေ့ မေ ၉ ရက်တွင်...
ကဘူးလ်၊မေ ၉ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ အနောက်ပိုင်းတွင်တည်ရှိသော စာသင်ကျောင်းတစ်ခု၏ ကျောင်းဝင်အပြင်ဘက်၌ မေ ၈ ရက်က ပေါက်ကွဲမှု သုံးခု ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် အနည်းဆုံး လူ ၂၅ ဦးသေဆုံးကာ အခြား ၅၂ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း မြို့တော်ရဲတပ်ဖွဲ့က အတည်ပြုပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဗဟိုကွပ်ကဲရေး တပ်မှူး Kenneth McKenzie က လာမည့်လများအတွင်း အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန် တပ်ဖွဲ့ဝင်များ ရုပ်သိမ်းပြီးနောက် အာဖဂန်စစ်တပ်၏ ဆောင်ရွက်နိုင်စွမ်းကို စိုးရိမ်မိကြောင်း ဧပြီ ၂၂ ရက်၌ ပြောကြားခဲ့သည်။
ကုလသမဂ္ဂ ၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ) ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ကာတာနိုင်ငံ ဒိုဟာမြို့၌ အာဖဂန်အစိုးရ နှင့် တာလီဘန်တို့အကြား ဆွေးနွေးပွဲ စတင်ခြင်းအပေါ် စက်တင်ဘာ ၁၂ ရက်က ကြိုဆိုကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။
ကဘူးလ် ၊ ဩဂုတ် ၁၈ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ၏ ၁၀၁ ကြိမ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပရန် နိုင်ငံအတွင်း ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေစဉ် ယနေ့ ဩဂုတ် ၁၈ ရက် နံနက်ပိုင်းတွင် ကဘူးလ်မြို့တော်ရှိ သံတမန်ရပ်ကွက်တစ်ခုမှာ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး လူ အသေအပျောက်များရှိနိုင်ကြောင်း အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။
ကဘူးလ် ၊ မတ် ၁ ရက်(ဆင်ဟွာ) လာမည့် ၁၄ လအတွင်း အမေရိကန် နှင့် ညွန့်ပေါင်းတပ်ဖွဲ့ဝင်များအနေဖြင့် အာဖဂန်နစ္စတန်နိုင်ငံမှ ထွက်ခွာသွားရေး အခြေခံထားသည့် သဘောတူညီချက်တစ်ခုကို အာဖဂန်နစ္စတန်နိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့အကြား သဘောတူညီမှုရရှိခဲ့ကြောင်း အာဖဂန်သမ္မတ မိုဟာမက်အက်စ်ရက်ပ်ဂါနီ(Mohammad Ashraf Ghani) က ဖေဖော်ဝါရီ ၂၉...
ကဘူးလ် ၊ ဇန်နဝါရီ ၂၈ ရက်(ဆင်ဟွာ) အမေရိကန် စစ်လေယာဉ် တစ်စင်းသည် အာဖဂန်နစ္စတန် နိုင်ငံ အရှေ့ပိုင်း Ghazni ပြည်နယ်၌ ဇန်နဝါရီ ၂၇ ရက်တွင် ပျက်ကျသွားခဲ့ကြောင်း အမေရိကန် စစ်တပ်ထံမှ သိရသည်။
ကုလသမဂ္ဂ ၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ အများပြည်သူ စည်ကားရာနေရာတစ်ခု နှင့် ပါဝမ်ပြည်နယ်( Parwan) ၌ ပြုလုပ်သော ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုတစ်ခုတွင် ဖြစ်ပွားခဲ့သော အရပ်သားပြည်သူအများအပြားသေဆုံးခဲ့ရသည့် အသေခံဗုံးခွဲတိုက်ခိုက်မှုများအပေါ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က စက်တင်ဘာ ၁၇ ရက်တွင် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချလိုက်သည်။
ကဘူးလ်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) အာဖဂန်နိုင်ငံ မြောက်ပိုင်း တက်ခ်ဟာပြည်နယ်ရှိ အစိုးရ လုံခြုံရေးတပ်ဖွဲ့များထံ တာလီဘန်စစ်သွေးကြွ ၄၁ ဦးက လက်နက်ချခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးက စက်တင်ဘာလ ၁၄ ရက်က ပြောကြားလိုက်သည်။