Connect with us

Africa & Middle East

ကဘူးလ်မြို့၌ ဖြစ်ပွားသော ပေါက်ကွဲမှုများအတွင်း အနည်းဆုံး ၂၅ ဦးသေဆုံး ၊ ၅၂ ဦးဒဏ်ရာရ

ကဘူးလ်၊မေ ၉ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ အနောက်ပိုင်းတွင်တည်ရှိသော စာသင်ကျောင်းတစ်ခု၏ ကျောင်းဝင်အပြင်ဘက်၌ မေ ၈ ရက်က ပေါက်ကွဲမှု သုံးခု ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် အနည်းဆုံး လူ ၂၅ ဦးသေဆုံးကာ အခြား ၅၂ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း မြို့တော်ရဲတပ်ဖွဲ့က အတည်ပြုပြောကြားခဲ့သည်။

“ ဒီနေ့ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး နောက်ဆုံးရရှိတဲ့ စာရင်းအရ ရုပ်အလောင်း ၂၅ လောင်းတွေ့ရတယ်။ ပြီးတော့ ဒဏ်ရာရသူ ၅၂ ဦးကို ဆေးရုံပို့ပေးခဲ့တယ်။ သေဆုံးသူနဲ့ဒဏ်ရာရသူအရေအတွက်ဟာ အပြောင်းအလဲဖြစ်နိုင်ပါသေးတယ်” ဟု မြို့တော်ရဲတပ်ဖွဲ့မှ Basir Mujahed က သတင်းဌာနများသို့ ဖုန်းမက်ဆေ့ဖြင့် အတည်ပြုပြောကြားခဲ့သည်။

ပေါက်ကွဲမှုအတွင်း သေဆုံးသွားသူများ၏ ရုပ်အလောင်းကို ဆွေမျိုးသားချင်းများက အာဖဂန်နစ္စတန်နိုင်ငံကဘူးလ်မြို့တော်ရှိ ဆေးရုံတစ်ခုတွင် ရှာဖွေမှု ပြုလုပ်နေစဉ်(ဆင်ဟွာ)

အဆိုပါပေါက်ကွဲမှုသည် Etifaq မြို့ Sayyed-ul-Shuhada အထက်တန်းကျောင်းရှေ့၌ ခန့်မှန်းခြေ ဒေသစံတော်ချိန် ညနေ ၄ နာရီ ၃၀ မိနစ်တွင် ဖြစ်ပွားခဲ့ကြောင်း အမှတ် ၁၃ ရဲတပ်ရင်းက ဆိုသည်။

ကနဦးသတင်းများအရ ယင်းပေါက်ကွဲမှုများသည် ဖောက်ခွဲရေးပစ္စည်း(IEDs) ဖြင့် အကြမ်းဖက်သမားများက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိခိုက်သေဆုံးသူများထဲတွင် ကျောင်းသားမိဘများ နှင့် ကျောင်းသားများစွာ ပါဝင်ပြီး အနီးအနားဖြတ်သန်းသွားလာသူများလည်း ပါဝင်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့ကမျှ ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားခြင်းမရှိသေးပါ။
လူဦးရေ ၅ သန်းခန့်နေထိုင်သော ကဘူးမြို့တော်သည် လွန်ခဲ့သော နှစ်များအတွင်း တာလီဘန်ထကြွသူများ နှင့် အိုင်အက်စ်(IS) စစ်သွေးကြွများ၏ တိုက်ခိုက်မှုများကို မကြာခဏ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။(Xinhua)
————————————
(English Version)
At least 25 killed, 52 wounded in Kabul explosions

KABUL, May 9 (Xinhua) — At least 25 people were killed and 52 wounded after three consecutive explosions rocked outside a school in western part of Kabul, the capital of Afghanistan, on Saturday, the capital police confirmed.
“The latest figures found 25 martyred and 52 wounded were transported from today’s incident and the toll and number of wounded may change,” Basir Mujahed from capital police told reporters via a text message.
The incident occurred in front of Sayyed-ul-Shuhada High School in Etifaq township, Police District 13 roughly at 4:30 p.m. local time.

The initial information said the blasts were caused by Improvised Explosive Devices (IEDs) placed by terrorists.
Among the affected people were several parents and students as well as passing-by people.
No group has claimed responsibility for the attack yet.
Over the past years, the capital city with a population of nearly 5 million has been hit by a series of terror attacks by Taliban insurgents and militants of the Islamic State (IS).

1-An injured person receives medical treatment at a local hospital in Kabul, capital of Afghanistan, May 8, 2021. (Photo by Sayed Mominzadah/Xinhua)
2-People search for bodies of their relatives at a local hospital in Kabul, capital of Afghanistan, May 8, 2021. (Photo by Sayed Mominzadah/Xinhua)