နယူးဒေလီ၊ မေ ၆ ရက်(ဆင်ဟွာ) အိန္ဒိယတွင် လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားနှုန်းက မလျော့သွားဘဲ ဆက်လက်မြင့်မားနေရာ ကပ်ရောဂါ တတိယလှိုင်းကို ရှောင်လွှဲ၍ မရနိုင်တော့ကြောင်း အိန္ဒိယနိုင်ငံ အစိုးရ သိပ္ပံဆိုင်ရာ ထိပ်တန်းအကြံပေးပုဂ္ဂိုလ် K. VijayRaghavan က မေ ၅ ရက်တွင် ပြောကြားခဲ့သည်။
မွန်ဘိုင်း ၊ မေ ၄ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဆေးဝါး ကုမ္ပဏီ ဖြစ်သည့် Natco Pharma မှ ထုတ်လုပ်သော Baricitinib ဆေးပြားများကို COVID-19 လူနာများကုသရာ၌ အသုံးပြုရန်အတွက် ဗဟိုဆေးဝါးစံချိန်စံညွှန်းထိန်းချုပ်ရေးအဖွဲ့ထံမှ ခွင့်ပြုချက် ရရှိခဲ့ကြောင်း ကုမ္ပဏီက မေ ၃ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
နယူးဒေလီ၊ မေ ၄ ရက်(ဆင်ဟွာ) လက်ရှိ အိန္ဒိယနိုင်ငံတွင် ဆေးကုသသုံး အောက်စီဂျင်လိုအပ်မှုများကို ဖြေလျှော့ရန်အတွက် အောက်စီဂျင် ထုတ်လုပ်ပံ့ပိုးမှုများ ထပ်တိုးဆောင်ရွက်ရန် အိန္ဒိယဝန်ကြီးချုပ် မိုဒီက မေ ၂ ရက်တွင် အဆင့်မြင့်အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ကြောင်း သိရသည်။
နယူးဒေလီ ၊ မေ ၂ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ၌ တစ်ရက်အတွင်း COVID-19 လူနာသစ် ၃၉၂,၄၈၈ ဦး မြင့်တက်လာခြင်းနှင့်အတူ မေ ၂ ရက်တွင် COVID-19 လူနာပေါင်း ၁၉,၅၅၇,၄၅၇ ဦးထိ ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။
ဝါရှင်တန်၊မေ ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ COVID-19 ရောဂါ ကူးစက်မှုမြင့်မားနေစဉ်အခါက ၎င်း၏ ကပ်ရောဂါထိန်းချုပ်ရေးဆောင်ရွက်ပုံများကို အိန္ဒိယနိုင်ငံအနေဖြင့် လေ့လာသင်ယူနိုင်ကြောင်း အမေရိကန်နိုင်ငံ ဓာတ်မတည့်ခြင်း နှင့် ကူးစက်ရောဂါဆိုင်ရာ သုတေသနဌာန ညွှန်ကြားရေးမှူး အန်တိုနီဖော့စီ (Anthony Fauci) ကပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၌ COVID-19 ရောဂါ ကူးစက်မှုမြင့်မားနေချိန် ယာယီဆေးရုံတစ်ခုအတွင်း...
နယူးဒေလီ၊ မေ ၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်တွင် မေ ၁ ရက် နံနက်အစောပိုင်းက လေးထပ်ရှိသော လူမှုဖူလုံရေးဆေးရုံအတွင်း မီးလောင်မှုဖြစ်ပွားခဲ့ရာ COVID-19 လူနာ အနည်းဆုံး ၁၈ ဦးသေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ကန်ဘာရာ၊ မေ ၁ ရက် (ဆင်ဟွာ) နေရပ်ပြန်ခြင်းဆိုင်ရာ ခရီးသွားလာခွင့်တားမြစ်ချက်ကို ချိုးဖောက်သော အိန္ဒိယနိုင်ငံတွင် သောင်တင်နေသည့် သြစတြေးလျနိုင်ငံသားများ အနေဖြင့် ထောင်ဒဏ် ၅ နှစ် အထိ ကျခံရနိုင်ကြောင်း ကျန်းမာရေးဝန်ကြီး Greg Hunt က ဆိုသည်။
နယူးဒေလီ၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော COVID-19 ကပ်ရောဂါ ဒုတိယလှိုင်းအား တိုက်ဖျက်ရေးတွင် အကူအညီပေးရန် အထူးသဖြင့် အောက်ဆီဂျင်ထုတ်လုပ်မှု စက်ကိရိယာများကဲ့သို့ ဆေးဘက်ဆိုင်ရာ အထောက်အပံ့များ ပံ့ပိုးရန်နှင့် ကူညီရန် နိုင်ငံပေါင်း ၄၀ ကျော်က ကတိပြုထားကြောင်း နိုင်ငံခြားရေးဝန်ကြီး Harsh Vardhan...
နယူးဒေလီ၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားသူ အရေအတွက်မှာ ၁၈ ကျော်သွားပြီဖြစ်ကာ ဧပြီ ၂၉ ရက်တွင်မူ ၁၈,၃၇၆,၅၂၄ ဦးအထိ ရောက်ရှိသွားခဲ့ကြောင်းနှင့် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ရောဂါဖြစ်ပွားသူအသစ် ၃၇၉,၂၅၇ ဦးအထိ ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ကုလသမဂ္ဂ ၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ၌ COVID-19 ရောဂါတိုက်ဖျက်ရေး ရင်ဆိုင်ရုန်းကန်နေရချိန်တွင် ကုလသမဂ္ဂအဖွဲ့က အကူအညီများ ပေးနေကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဧပြီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။