Connect with us

WORLD

အိန္ဒိယနိုင်ငံ၏ ကပ်ရောဂါဆိုးဝါးလာခြင်းနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ ထောက်ပို့ရေးကဏ္ဍ လိုအပ်ချက် ပိုမိုများပြားလာ

ပေကျင်း၊ မေ ၁၂ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၏ ကပ်ရောဂါအခြေအနေဆိုးဝါးလာခြင်းသည် ၎င်းနိုင်ငံ၏စီးပွားရေးပြန်လည် နိုးထမှုကို နှောင့်နှေးစေရုံသာမက တစ်ကမ္ဘာလုံးရှိ လုပ်ငန်းစုံ၏ ထောက်ပို့ရေးကဏ္ဍကို သက်ရောက်မှုရှိစေမည်ဖြစ်သည်။【ပင်လယ်ရေကြောင်းပို့ဆောင်ရေးကဏ္ဍ】

ကုလသမဂ္ဂ ကမ္ဘာ့ကုန်သွယ်ရေးနှင့်ဖွံ့ဖြိုးရေးညီလာခံအဖွဲ့(UNCTAD)၏ ကိန်းဂဏန်းအချက်အလက်များအရ ကမ္ဘာ့ကုန်သွယ်ရေကဏ္ဍ ကုန်ပစ္စည်း သယ်ယူပို့ဆောင်မှု၏ (၈၀)ရာခိုင်နှုန်းသည် ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေးမှ ဖြစ်ကြောင်း သိရသည်။ အပြည်ပြည်ဆိုင်ရာ ကုန်သင်္ဘောပို့ဆောင်ရေးအဖွဲ့ (ICS) အထွေထွေအတွင်းရေးမှူး Guy Plattenက တစ်ကမ္ဘာလုံးတွင် သင်္ဘောသား(၁.၇)သန်းခန့်ရှိရာ (၂)သိန်းကျော်မှာ အိန္ဒိယနိုင်ငံမှ ဖြစ်ကြောင်း၊ ယင်းအိန္ဒိယ သင်္ဘောသားများအနက် အများစုသည် အရေးပါသည့် နည်းပညာကျွမ်းကျင်မှုဆိုင်ရာ ရာထူးတာဝန်များကို ထမ်းဆောင်နေကြသူများဖြစ်ကြောင်း ဆိုသည်။

အိန္ဒိယနိုင်ငံ ကာနာတာကာပြည်နယ် ဘန်ဂလိုမြို့တွင် ကာကွယ်ဆေးထိုးရန် တန်းစီစောင့်ဆိုင်းနေသူများကို မေ ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

Guy Plattenက “အိန္ဒိယကပ်ရောဂါအခြေအနေ လျော့နည်းသက်သာစေချင်တယ်။ ဒီလိုမှမဟုတ်ရင် သင်္ဘောသားလိုအပ်မှုတွေဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ထောက်ပို့ရေးကဏ္ဍ ကွင်းဆက်အနှောင့်အယှက်ဖြစ်စေနိုင်တယ်”ဟု CNNက ၎င်း၏ပြောကြားချက်ကို ကိုးကားဖော်ပြထားသည်။

အချို့နိုင်ငံများတွင် အိန္ဒိယ လေကြောင်းလိုင်းများ၏ပြည်ဝင်ခွင့်တားမြစ်ခြင်းကြောင့် အိန္ဒိယ သင်္ဘောသားများ ကမ္ဘာ့ဒေသအသီးသီးရှိ ဆိပ်ကမ်းများကို သွားရောက်ရန် ခဲယဉ်းလျက်ရှိသည်။ ပြီးခဲ့သည့်နှစ် ကိုဗစ်ကပ်ရောဂါ ကမ္ဘာတစ်ဝန်းဖြစ်ပွားသည့်ကာလတွင် သင်္ဘောသား (၂)သိန်းနီးပါး လအတန်ကြာ သင်္ဘောပေါ်တွင် နေထိုင်ခဲ့ရခြင်းကြောင့် ၎င်းတို့က သင်္ဘောကို ရေတွင်မျောနေသော အကျဉ်းထောင် ဟုပင် ပြောဆိုမှုများ ရှိခဲ့သည်။

【ဆေးဝါးကဏ္ဍ】

ပင်လယ်ရေကြောင်းသယ်ယူပို့ဆောင်ရေးအပေါ် သက်ရောက်မှုရှိသလို အိန္ဒိယ၏ ကိုဗစ်ကပ်ရောဂါအခြေအနေသည် ဆေးဝါးပံ့ပိုးမှုကို ကြန့်ကြာနှောင့်နှေးစေမည် ဖြစ်သည်။ ကမ္ဘာတစ်ဝန်း ကာကွယ်ဆေး ဖြန့်ဖြူးရောင်းချမှုတွင် (၆၀)ရာခိုင်နှုန်းကျော်သည် အိန္ဒိယနိုင်ငံမှ ထုတ်လုပ်ခြင်းဖြစ်သည်။ အိန္ဒိယ Serum Institute သည် ကမ္ဘာတွင် ကာကွယ်ဆေးထုတ်လုပ်မှု အများဆုံးဖြစ်သည်။

ပြီးခဲ့သည့်နှစ်က Serum Instituteသည် နိုင်ငံနှင့်ဒေသပေါင်း (၉၀)ခန့်အတွက် ကိုဗစ်ကာကွယ်ဆေး သန်း(၂၀၀)ထုတ်လုပ်ပေးမည်ဟု သဘောတူညီခဲ့သည်။ သို့သော် လက်ရှိ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးစီးမှုသည် အိန္ဒိယလူဦးရေ၏ (၂)ရာခိုင်နှုန်းသာရှိခြင်းကြောင့် ကာကွယ်ဆေးပံ့ပိုးမှုကို မိမိနိုင်ငံသားများအတွက် အိန္ဒိယအစိုးရနှင့် Serum Instituteက ဦးစားပေးဆောင်ရွက်လျက်ရှိသည်။

အိန္ဒိယသည် ကမ္ဘာတွင် Generic drugs ဆေးဝါးပံ့ပိုးသည့် အကြီးဆုံးနိုင်ငံဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံ၏ ဆေးညွှန်း (၉၀)ရာခိုင်နှုန်းသည်လည်း Generic drugsဖြစ်ကြောင်း CNNကဆိုသည်။

【ချည်မျှင်နှင့်အထည်လုပ်ငန်း】

အိန္ဒိယသည် ချည်မျှင်နှင့်အထည်တင်ပို့သည် အကြီးဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သည်။ ယင်းလုပ်ငန်းသည် လက်ရှိ လုပ်သားအင်အားလိုအပ်မှု အများအပြား ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

Wazirအကြံပေးကုမ္ပဏီ၏ ကိန်းဂဏန်းများအရ အထည်ချုပ်လုပ်ငန်း အဓိက နေရာဖြစ်သည့် ဒေလီနှင့်ဘန်ဂလိုမြို့များတွင် အလုပ်သမားဝန်ထမ်းများ၏ အလုပ်လုပ်ကိုင်နိုင်မှု(၅၀)ရာခိုင်နှုန်းထိသာ ရှိပြီး ပြီးခဲ့သည့်နှစ် အိန္ဒိယ အထည်ချုပ်လုပ်ငန်း၏သုံးစွဲမှုနှင့်တင်ပို့မှုသည် (၃၀)ရာခိုင်နှုန်းနှင့် (၂၄)ရာခိုင်နှုန်းအသီးသီး လျော့နည်းသွားကြောင်း သိရသည်။

“၂၀၂၁ခုနှစ်ရဲ့ ကိန်းဂဏန်းတွေကို အခုထိ ခန့်မှန်းရခက်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကပ်ရောဂါဘယ်အချိန်မှ ပြီးမလဲဆိုတာ ကျွန်တော်တို့ မသိဘူး။”ဟု Wazirက ဆိုသည်။

【ဘဏ္ဍာရေးဝန်ဆောင်မှု】
လွန်ခဲ့သည် ဆယ်စုနှစ်ချီကာလများတွင် နိုင်ငံတကာ ဘဏ်နှင့်စာရင်းကိုင်ကုမ္ပဏီအချို့က ITနှင့်လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အလုပ်အကိုင်များစွာကို အိန္ဒိယသို့ ရွှေ့ပြောင်းခဲ့သည်။

အိန္ဒိယတွင် လူပေါင်း (၄.၄)သန်းနီးပါးက ITနှင့်စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုကို လုပ်ကိုင်နေကြကြောင်း အိန္ဒိယနိုင်ငံ ဆော့ဖ်ဝဲလ်နှင့်ဝန်ဆောင်မှု ကုမ္ပဏီအသင်း၏ ကိန်းဂဏန်းများအရ သိရသည်။

လုပ်ငန်းအချို့က သက်ဆိုင်ရာအလုပ်အကိုင်များကို အခြားနိုင်ငံသို့ ရွှေ့ပြောင်း၍လည်းကောင်း၊ ဝန်ထမ်းများကို အိမ်တွင်သာ အလုပ်လုပ်ကိုင်စေခြင်းဖြင့် လည်းကောင်း၊ အလုပ်ကန့်သတ်ကာလကို နောက်သို့ရွှေ့ဆိုင်းပေးခြင်းဖြင့်လည်းကောင်း ကပ်ရောဂါ၏ရိုက်ခတ်မှုကို လျှော့ချဖို့ ဆောင်ရွက်နေပြီဖြစ်သည်။ သို့သော်လည်း အလုပ်သမားဝန်ထမ်းများအနေဖြင့် ကျန်းမာရေးမကောင်းသည့် မိသားစုဝင်များကို ပြုစုစောင့်ရှောက်ရန် လိုအပ်ရာ အိမ်တွင် အလုပ်လုပ်ကိုင်ရသော်လည်း လုပ်ငန်းပြီးမြောက်ဖို့ မလွယ်ကူကြောင်း၊ ထို့အပြင် ထိရှလွယ်သည့် လုပ်ငန်းနှင့် client ဖောက်သည်၏အချက်အလက်များကို အိမ်တွင် လုပ်ဆောင်ရသဖြင့် အချက်အလက် လုံခြုံရေးကိုကာကွယ်ရန် စိန်ခေါ်မှုဖြစ်နေကြောင်း သိရသည်။ (Xinhua)
———————————————
(Chinesee Version)

印度疫情将加剧全球供应短缺

印度新冠疫情肆虐,不仅拖累本国经济复苏,还影响全球多个行业供应链。
【海运】
联合国世界贸易与发展大会提供的数据显示,全球大约80%的贸易货运量走海运。国际航运公会秘书长居伊•普拉滕说,全球大约170万名水手中,超过20万来自印度。这些印度水手中,许多人出任需要重要技能的岗位。
美国有线电视新闻网(CNN)援引普拉滕的话报道,他“希望”印度疫情可以缓解,否则将导致水手大量短缺,“干扰全球供应链”。
随着一些国家禁止来自印度的航班入境,印度水手将难以抵达全球各地港口。去年新冠疫情在全球蔓延期间,将近20万水手滞留数月,他们称自己的船只为“漂浮的监狱”。
【医药】
除影响海运,印度新冠疫情将拖累医药供应。全球在售疫苗中,超过60%由印度生产。印度血清研究所是全球最大疫苗生产商。
印度血清研究所去年同意为大约90个国家和地区生产多达2亿剂新冠疫苗。然而,鉴于印度仅2%人口完成新冠疫苗接种,印度政府和血清研究所现在优先为本国公民提供疫苗。
与此同时,据CNN报道,印度是全球最大仿制药供应国;全美90%的处方为仿制药。
【纺织】
印度是最大纺织品出口国之一。这一行业现在遭遇严重劳动力短缺。
沃济尔咨询公司提供的数据显示,在服装重镇德里和班加罗尔,服装业劳工缺勤率高达50%;去年印度服装行业消费和出口分别减少30%和24%。
沃济尔说:“2021年的数字现在难以预测,因为我们不确定疫情何时结束。”
【金融服务】
过去数十年间,一些国际大型银行和会计师事务所把大量信息技术和运营岗位转移至印度。
印度全国软件与服务公司协会提供的数据显示,印度将近440万人从事信息技术和业务流程管理工作。
一些企业已经采取措施,以减低印度疫情造成的影响,例如把相关工作转移至其他国家,鼓励员工在家工作,或是延后各类工作的截止期限。但如果员工需要照顾生病的家人,即使在家上班,依然不容易完成工作。另外,在家处理敏感的企业和客户数据面临安全和数据保护挑战。(卜晓明)(新华社专特稿)
【纠错】 【责任编辑:刘钟灵 】
图说1:5月10日,印度卡纳塔克邦首府班加罗尔一条道路被路障封锁。(新华社发)
图说2:5月10日,人们在印度班加罗尔排队等待接种新冠疫苗。(新华社发)